ကိုဗစ်-၁၉ ကာကွယ်ဆေး ၁ ဘီလျံ ထိုးနှံနိုင်ခဲ့ခြင်းအပေါ် အိန္္ဒိယဝန်ကြီးချုပ် မိုဒီကို နီပေါ ဝန်ကြီးချုပ် ချီးမွမ်းဂုဏ်ပြု

ကိုဗစ်-၁၉ ကာကွယ်ဆေး ၁ ဘီလျံ ထိုးနှံနိုင်ခဲ့ခြင်းအပေါ် အိန္္ဒိယဝန်ကြီးချုပ် မိုဒီကို နီပေါ ဝန်ကြီးချုပ် ချီးမွမ်းဂုဏ်ပြု

အိန္ဒိယနိုင်ငံတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ၁ ဘီလျံ ထိုးနှံနိုင်ခဲ့ခြင်းအပေါ် ဝန်ကြီးချုပ်နာရင်ဒရာမိုဒီအား နီပေါဝန်ကြီးချုပ် ရှီအာဘာဟာဒေါ် ဒူဘာက အောက်တိုဘာ ၂၃ ရက်တွင် ချီးမွမ်းလိုက်ပြီး နီပေါနိုင်ငံ၏ ကာကွယ်ဆေးထိုး အစီအစဉ်တွင် ကူညီပံ့ပိုးမှုအတွက်လည်း ကျေးဇူးတင်ကြောင်း ပြောကြားသည်။

“အိန္ဒိယမှာ ကိုဗစ်-၁၉ ကာကွယ်ဆေး ၁ ဘီလျံ ထိုးနှံနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ် ဝန်ကြီးချုပ် နာရင်ဒရာမိုဒီ။ ထင်ရှားတဲ့ ဒီအောင်မြင်မှုဟာ အိမ်နီးချင်းနဲ့ အခြားနိုင်ငံတွေမှာ ဘေးကင်းလုံခြုံမှု ဖြစ်စေရေးအတွက်လည်း များစွာ အထောက်အကူဖြစ်စေပါတယ်။ နီပေါနိုင်ငံရဲ့ ကာကွယ်ဆေးထိုးနှံမှုနဲ့ သက်သာပျောက်ကင်းရေးတို့အတွက် ကူညီပံ့ပိုးခဲ့တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်” ဟု ဒူဘာက တွစ်တာတွင် ရေးသားခဲ့သည်။

အိန္ဒိယတါင် ကိုဗစ်ကာကွယ်ဆေး အလုံး ကုဋေ ၁၀၀ ထိုးနှံပြီးမှုအပေါ် ချီးကျူးဂုဏ်ပြုခဲ့ကြသည့် ကမ္ဘာ့နိုင်ငံခေါင်းဆောင်များကိုလည်း ဝန်ကြီးချုပ်မိုဒီက ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

အိနိ္ဒယနိုင်ငံတွင် အောက်တိုဘာ ၂၁ ရက်က ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှု လုံးရေ ကုဋေ၁၀၀ ပြည့်ခဲ့သည်။ အဆိုပါ အောင်မြင်မှုအတွက် ကမ္ဘာ့နိုင်ငံခေါင်းဆောင်အများအပြားက ချီးမွမ်းဂုဏ်ပြုခဲ့ကြသည်။

ဘူတန်ဝန်ကြီးချုပ်လိုတေးဆာရင်၏ တွစ်တာအား ပြန်ရေးသည့်စာတွင် ဝန်ကြီးချုပ် မိုဒီက “အခုလို သမိုင်းဝင် အချိန်ကာလအတွက် ခင်ဗျားရဲ့ သိမ်မွေ့ကြင်နာတဲ့ စကားလုံးတွေအတွက် ကျေးဇူးတင်ပါတယ် လီယွန်ချန် လိုတေးဆာရင်ရေ။ ဘူတန်နဲ့ မိတ်ဆွေဖြစ်ရတဲ့အပေါ်မှာလည်း ကျွန်တော်တို့ များစွာ တန်ဖိုးထားပါတယ်။

ကိုဗစ်-၁၉ ရောဂါကို တိုက်ဖျက်ရာမှာ အိန္ဒိယက ဒေသတွင်းနဲ့အခြားနိုင်ငံတွေနဲ့ပါ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဆုံးဖြတ်ထားပါတယ်” ဟု ဖော်ပြထားသည်။

ဝန်ကြီးချုပ်မိုဒီက မော်လ်ဒိုက်သမ္မတ အီဘရာဟင် မိုဟာမက်ဆိုလေး၊ အစ္စရေးဝန်ကြီးချုပ် နက်ဖ်တာလီဘန်နက်တို့၏ ဂုဏ်ပြုတွစ်တာများကိုလည်း ကျေးဇူးတင်ကြောင်း ပြန်လည်ရေးသားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required