တရုတ်ကလေးများ၏ မကောင်းသည့် အပြုအမူများအတွက် မိဘများကို အပြစ်ပေးမည့် ဥပဒေမူကြမ်း ရေးဆွဲနေ

တရုတ်ကလေးများ၏ မကောင်းသည့် အပြုအမူများအတွက် မိဘများကို အပြစ်ပေးမည့် ဥပဒေမူကြမ်း ရေးဆွဲနေ

တရုတ် ကလေးငယ်များက အလွန်ဆိုးရွားသောအပြုအမူ သို့မဟုတ် ရာဇဝတ်မှုကျူးလွန်ပါက မိဘများအား အပြစ်ပေးသည့် ဥပဒေအား ပြဌာန်းရန် တရုတ်ပါလီမန်က စီစဉ်လျက်ရှိသည်။

မိသားစုပညာရေးမြှင့်တင်ရေး ဥပဒေမူကြမ်းတွင် အစိုးရရှေ့နေများက အလွန်ဆိုးရွားသော သို့မဟုတ် ရာဇဝတ်မြောက်သည့် အပြုအမူများကို တွေ့ရှိပါက အုပ်ထိန်းသူများ အပြစ်ပေးခံရမည်ဖြစ်ပြီး မိသားစုပညာရေး စောင့်ရှောက်မှု အစီအစဉ် အတိုင်း ဆောင်ရွက်ရမည်ဖြစ်သည်။

“ ဆယ်ကျော်သက်တွေ ဆိုးသွမ်းရတဲ့ အကြောင်းအရင်းများစွာရှိပါတယ်။ မိသားစုပညာရေး မကောင်းတာ အားနည်းတာက အဓိက အကြောင်းရင်းပါပဲ” ဟု အမျိုးသားပညာရေးကွန်ဂရက် (NPC) အောက်ရှိ ဥပဒေရေးရာ ကော်မရှင်ပြောရေးဆိုခွင့်ရှိသူ ကျန်းတိုင်ဝေက ပြောသည်။

ယခုသီတင်းပတ်တွင် NPC အမြဲတမ်းကော်မတီအစည်းအဝေးတွင် မိသားစုပညာရေးမြှင့်တင်ရေး ဥပဒေမူကြမ်း ကို ပြန်လည်သုံးသပ်မည် ဖြစ်ပြီး မိဘများအနေဖြင့် ၎င်းတို့၏ သားသမီးများ အနားယူရန်၊ ဆော့ကစားရန်နှင့် လေ့ကျင့်ခန်းပြုလုပ်ရန် အချိန်များစီစဉ်ပေးရန် မိဘများအား တိုက်တွန်းထားသည်။

“ စိတ်ဓာတ်ရေးရာ ဘိန်း” ဟု သတ်မှတ်ထားသည့် အွန်လိုင်းဂိမ်းများကို လူငယ်များ၏ စွဲလမ်းမှုကို ထိန်းချုပ်သည့် အနေဖြင့် တရုတ်အစိုးရသည် ၂၀၂၁ခုနှစ်တွင် ပိုမို ပြင်းထန်သည့် အပြစ်ပေးမှုကို ကျင့်သုံးခဲ့ပြီး အင်တာနက် ကျော်ကြားသူများ၏ မျက်ကန်း ကိုးကွယ်မှုကို နှိမ်နင်းခဲ့သည်။

မကြာသေးမီလများအတွင်း ပညာရေးဝန်ကြီးဌာနသည် အရွယ်မရောက်သေးသူများအတွက် ဂိမ်းကစားချိန်ကို ကန့်သတ်ထားပြီး သောကြာနေ့၊ စနေနေ့နှင့် တနင်္ဂနွေနေ့များတွင်သာ အွန်လိုင်းဂိမ်းများကို တစ်နာရီစီသာ ကစားခွင့်ပေးထားသည်။

တစ်ချိန်တည်းမှာပင် တရုတ်လူငယ်များအား မိန်းမမဆန်ဘဲ ပိုမို ယောက်ျားပီသရန်လည်း တိုက်တွန်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly