ရှင်ကျန်းတွင် ရက်စက်ကြမ်းကြုတ်မှုများအတွက် နိုင်ငံပေါင်း ၄၀ ကျော်က ကုလသမဂ္ဂ၌ တရုတ်အား ဝေဖန်

By Latestly
27 October 2021
ရှင်ကျန်းတွင် ရက်စက်ကြမ်းကြုတ်မှုများအတွက် နိုင်ငံပေါင်း ၄၀ ကျော်က ကုလသမဂ္ဂ၌ တရုတ်အား ဝေဖန်

ရှင်ကျန်းရှိ မွတ်စလင်ဝီဂါများနှင့် အခြားဘာသာရေး လူနည်းစုများအပေါ် ဆက်လက်လုပ်ဆောင်နေသော ရက်စက်ကြမ်းကြုတ်မှုများနှင့် ပတ်သက်၍ အနောက်နိုင်ငံ ၄၀ ကျော်က ကုလသမဂ္ဂတွင် တရုတ်နိုင်ငံကို အပြစ်ဆိုဝေဖန်ခဲ့သည်။

ရှင်ကျန်းပြည်နယ်တွင် ပြန်လည်ပညာပေးရေးစခန်းများ တည်ရှိမှုများအကြောင်း “ယုံကြည ်စိတ်ချရသောအစီရင်ခံစာများ” တွင် ပါရှိသည့် အချက်များကို စိုးရိမ်ကြောင်းဖော်ပြသည့် ၄၃ နိုင်ငံ ထုတ်ပြန်ချက်ကို လက်မှတ်ရေးထိုးခဲ့သည်ဟု Al Jazeera ကဖော်ပြသည်။

အဆိုပါထုတ်ပြန်ချက်ကို အထွေထွေညီလာခံ၏ လူ့အခွင့်အရေးကော်မတီအစည်းအဝေးတစ်ခု၌ ကုလဆိုင်ရာပြင်သစ်သံအမတ် နီကိုးလက်စ်ဒီရစ်ဗီအဲရာက ဖတ်ကြားခဲ့သည်။

“ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံးနဲ့ သူမရဲ့ရုံးအဖွဲ့ အပါအဝင် လွတ်လပ်တဲ့လေ့လာသူတွေ ရှင်ကျန်းကိုမဆိုင်းမတွနဲ့ ထိထိရောက်ရောက် ဝင်ရောက်ခွင့်ပြုဖို့ တရုတ်ကို တောင်းဆိုပါတယ်” ဟု အဆိုပါနိုင်ငံများ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဝီဂါများအပေါ် မူဝါဒများနှင့်ပတ်သက်၍ တရုတ်နိုင်ငံအား ဝေဖန်ရန် အမေရိကန်နှင့် ဥရောပနိုင်ငံများက လူ့အခွင့်အရေးကော်မတီအစည်းအဝေးကို အသုံးပြုခဲ့သည်မှာ ၃ နှစ်အတွင်း တတိယအကြိမ်ဖြစ်သည်။

သြစတြေးလျမဟာဗျူဟာမူဝါဒ အင်စတီကျု (ASPI) က အောက်တိုဘာ ၂၀ တွင် ထုတ်ဝေသည့် အစီရင်ခံစာသစ်၌ ရှင်ကျန်းပြည်နယ်တွင် ဖိနှိပ်မှုတစ်ခုဆောင်ရွက်သည့် တရုတ် အစိုးရအဖွဲ့များစွာ၏ အခန်းကကဏ္ဍကို အသေးစိတ်ဖော်ပြထားသည်။

ရှင်ကျန်း ဖြိုခွင်းမှုဆိုင်ရာ "အစိုးရတစ်ရပ်လုံးနှင့် လူ့အဖွဲ့အစည်းတစ်ရပ်လုံး ၏ ကိုင်တွယ်ဖြေရှင်းနည်း" ကို အစီရင်ခံစာတွင် အဓိက ဖော်ပြထားပြီး ဖိနှိပ်မှုမူဝါဒများတွင် ပါ၀င်နေသော ရုံးများနှင့်အရာရှိများ၏ အံ့အားသင့်ဖွယ် အရေအတွက်ကို အမည်တပ်ကာ အတိအကျပြောပြခဲ့သည်။

ဒီမိုကရက်တစ်နိုင်ငံများမှ ပါလီမန်အမတ်များ၏ ပါတီစုံမဟာမိတ်အဖွဲ့သည် ဝီဂါဒေသရှိ အခြားတိုင်းရင်းသားနှင့် ဘာသာရေးလူနည်းစုများကို ကာကွယ်နိုင်ရေး အရေးပေါ်ညှိနှိုင်းဆောင်ရွက်မှုများ လုပ်ဆောင်ရန် ဒီမိုကရေစီနိုင်ငံများအား တောင်းဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly