စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က တစ်လအတွင်း ဒေါ်လာ သန်း ၁၁၀ ထုတ်ရောင်း

စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က တစ်လအတွင်း ဒေါ်လာ သန်း ၁၁၀ ထုတ်ရောင်း

အောက်တိုဘာ ၂၆

စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က တစ်လအတွင်း ဒေါ်လာ သန်း ၁၁၀ ထုတ်ရောင်းခဲ့သည်။

အောက်တိုဘာ ၂၆ ရက်တွင် ဒေါ်လာ သန်း ၃၀ ထုတ်ရောင်းပြီးနောက် တစ်လအတွင်း သန်း ၁၁၀ ဖြစ်လာခဲ့ခြင်းဖြစ်သည်။

အောက်တိုဘာ ၁၈ ရက်တွင် စံချိန်တင်ရောင်းချမှုအဖြစ် ဒေါ်လာ သန်း ၅၀၊ အောက်တိုဘာ ၂၂ ရက်တွင် ဒေါ်လာသန်း ၃၀ ရောင်းချခဲ့သည်။

ယနေ့ရောင်းချမှုတွင် တစ်ဒေါ်လာလျှင် ကျပ် ၁၇၉၀ ဖြင့် ဗဟိုဘဏ်က ရောင်းချခဲ့သည်။

အောက်တိုဘာလ မတိုင်မီက စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်မှ ဒေါ်လာရောင်းချမှုမှာ တစ်ရက်အတွင်း အများဆုံးအဖြစ် ဒေါ်လာ ၂၄ သန်းသာရှိခဲ့သော်လည်း အောက်တိုဘာလအတွင်း စံချိန်တင်ရောင်းချလာခြင်းဖြစ်သည်။

တစ်ရက်တည်းစံချိန်တင်ရောင်းချမှုအဖြစ် အောက်တိုဘာ ၁၈ ရက် ဒေါ်လာသန်း ၅၀ အား ဆေးတင်သွင်းသည့်ကုမ္ပဏီများ၊ စက်သုံးဆီကုမ္ပဏီများ အစရှိသည့်ကုမ္ပဏီများကို ရောင်းချပေးခဲ့ကြောင်း စီးပွားရေးလုပ်ငန်းအသိုင်းအဝိုင်းမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly