KIO အုပ်ချုပ်သောမြို့ အင်ဂွမ်လတွင် COVID-19 ကူးစက်မှုမြင့်မားလာ၍ ဝင်ထွက်သွားလာမှု ရက်အကန့်အသတ်မရှိ ပိတ်ပင်

KIO အုပ်ချုပ်သောမြို့ အင်ဂွမ်လတွင် COVID-19 ကူးစက်မှုမြင့်မားလာ၍ ဝင်ထွက်သွားလာမှု ရက်အကန့်အသတ်မရှိ ပိတ်ပင်

အောက်တိုဘာ ၂၆

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) အုပ်ချုပ်ရာ မြောက်ပိုင်းဒေသတွင် COVID-19 ပိုးကူးစက်ခံထားရသူတွေများလာသည့်အတွက် ဝင်ထွက်သွားလာခြင်းကို ရက်အကန့်အသတ်မရှိ ပိတ်ထားကြောင်း ကေအိုင်အိုမြောက်ပိုင်းကိုဗစ်ရောဂါကာကွယ်နှိမ်နှင်းရေးကော်မတီကပြောသည်။

KIO အုပ်ချုပ်ရာ တပ်မဟာ (၁) နယ်မြေဖြစ်တဲ့ အင်ဂွမ်လမြို့မှာ အခုလ ၂၃ ရက်နေ့ကတည်းနေ COVID-19 ရောဂါကူးစက်မှု များ ဆက်တိုက်တွေ့ရှိလာနေတဲ့အတွက် အခုလို အဝင်အထွက်ပိတ်ထားရတာဖြစ်သည်။

အင်ဂွမ်လမြို့အတွင်းရှိ KIO ဗဟိုကော်မတီက ဖွင့်လှစ်ထားသော အထက်တန်းကျောင်းမှ COVID-19 ကူးစက်မှုများကို အခုလိုတကျော့ပြန်ဖြစ်ပွားခဲ့သည်ဟုဆိုသည်။

အောက်တိုဘာလ ၂၃ ရက်နေ့မှာတစ်ကြိမ်၊ အောက်တိုဘာလ ၂၄ ရက်နေ့မှာ တစ်ကြိမ် သက်ဆိုင်ရာ ကျောင်းသူ/သားများနှင့် ဆရာ/ဆရာမများအားလုံးကို COVID-19 ရော ဂါပိုး စစ်ဆေးပေးခဲ့ရာမှာ အောက်တိုဘာလ ၂၃ နေ့မှာတော့ အယောက် ၂၂၀ ကျော်၊ အောက်တိုဘာ လ ၂၄ ရက်နေ့မှာတော့ ၁၂၈ ဦးတို့တွင် ပိုးစစ်ဆေးတွေ့ရှိခဲ့သည်။

ရောဂါကူးစက်ခံရသူအများစုမှာ ခရစ်ယာန်အ သင်းတော်များမှ ဖွင့်လှစ်ထားသည့် ပညာရေး ဘော် ဒါအဆောင်များမှာ နေထိုင်ကြသူတွေဖြစ်ပြီး ကျောင်းသားမိဘများ လာရောက်တွေ့ဆုံခဲ့ရာက အခုလို ရောဂါကူးစက်ခံရခြင်း ဖြစ်နိုင်သည်ဟု ဗဟိုကော်မတီက သုံးသပ်ထားသည်။

အင်ဂွမ်လမြို့အတွင်းရှိ ဒေသခံအိမ်ထောင်စု ၁၅၀ ကျော်ကိုလည်း ကိုဗစ်ပိုးစစ်ဆေးမှုများကို ဆက်လက်ပြု လုပ်သွားမှာဖြစ်ကြောင်း ကိုဗစ်တားဆီးနှိမ်နှင်းရေးကော်မတီထံကပြောသည်။

မြစ်ကြီးနားမြို့အထက် ၆၅ မိုင်အကွာ မလိခနဲ့ မေခမြစ်အကြား ဆွမ်ပရာဘွမ်မြို့နယ်အတွင်းမှာပါရှိသော အင်ဂွန်းလမြို့သည် KIO ဗဟိုကော်မတီ ၏ မြောက်ပိုင်းတိုင်း အုပ်ချုပ်ရေး ဌာနချုပ်ရှိရာဒေသ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required