အလုပ်အကိုင်အေဂျင်စီ ၂၀ ကျော် အရေးယူခံရ

အလုပ်အကိုင်အေဂျင်စီ ၂၀ ကျော် အရေးယူခံရ

အလုပ်သမားဥပဒေကို ချိုးဖောက်မှုဖြင့် ပြည်ပအလုပ်အကိုင်အေဂျင်စီ ၂၀ ကျော်အား အရေးယူခဲ့ကြောင်း ဒီဇင်ဘာ ၂၄ ရက်တွင် သတင်းရင်းမြစ်များပြောကြားချက်အရ သိရသည်။

အေဂျင်စီ ရှစ်ခုအား လိုင်စင်ပြန်ရုပ်သိမ်းခြင်း၊ စမတ်ကတ်နှင့် ဗီဇာများ အတုလုပ်ခြင်းကြောင့် ခြောက်ခုကို ဆိုင်းငံ့ထားခြင်းနှင့် အလုပ်အကိုင် စာချုပ်စည်းမျဉ်းများအား   ဖောက်ဖျက်ခြင်းအတွက်   နောက်ထပ်အေဂျင်စီရှစ်ခုအား ရပ်ဆိုင်းခိုင်းခြင်းတို့ အပြစ်ပေးအရေးယူခဲ့ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုလုံခြုံရေးဝန်ကြီးဌာနအရ သိရသည်။

မြန်မာနိုင်ငံမှ အလုပ်သမားများက ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ တောင်ကိုရီးယားနှင့် ဂျပန်စသည့် နိုင်ငံခြားတိုင်းပြည်များတွင် အလုပ်လုပ်ကိုင်နိုင်ရန် တရားဝင်ပါမစ်များ ချထားပေးထားသည်။

မြန်မာနိုင်ငံအတွင်း ပြည်ပအလုပ်အကိုင်အေဂျင်စီပေါင်း ၂၅၀ ဝန်းကျင်အား လိုင်စင်ချထားပေးကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly