ဆော်ဒီဆေးရုံတစ်ခုတွင် မီးလောင်မှုဖြစ်ပွား ၂၅ဦးသေဆုံး၍ ၁၀၇ဦးဒဏ်ရာရ

ဆော်ဒီဆေးရုံတစ်ခုတွင် မီးလောင်မှုဖြစ်ပွား ၂၅ဦးသေဆုံး၍ ၁၀၇ဦးဒဏ်ရာရ

ဒူဘိုင်း၊ ဒီဇင်ဘာ ၂၄ ။           ။ ဆော်ဒီအာရေးဘီးယားနိုင်ငံ အနောက်တောင်ပိုင်း ဂျာဇန် ဆိပ်ကမ်းမြို့ရှိ ဆေးရုံတစ်ခုတွင် ဒီဇင်ဘာ ၂၄ရက်နေ့ အာရုဏ်မတက်မီအချိန်က မီးလောင်မှုတစ်ခု   ဖြစ်ပွားခဲ့ရာ လူ ၂၅ဦးသေဆုံးခဲ့ပြီး ၁၀၇ဦးဒဏ်ရာရရှိခဲ့သည်ဟု ဆော်ဒီအရပ်ဘက်ကာကွယ်ရေးအေဂျင်စီ၏ ကြေညာချက်တစ်ခုတွင် ဖော်ပြခဲ့သည်။

ဂျာဇန်အထွေအထွေဆေးရုံ၏ ပထမထပ်တွင် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယင်းအထပ်တွင် အထူးကြပ်မတ်ကုသဆောင်နှင့် သားဖွားဆောင်များရှိသည်ဟု အေဂျင်စီက ပြောသည်။ ဒဏ်ရာရရှိသူများကို အနီးရှိ ဆေးရုံများသို့ ပို့ဆောင်ခဲ့သည်။ မီးလောင်မှုကို ထိန်းချုပ်ထားနိုင်ပြီဖြစ်ပြီး လောင်ရသည့်အကြောင်းရင်းကို စုံစမ်းစစ်ဆေးလျက်ရှိသည်။

မီးလောင်မှုကြောင့် ဖြစ်ပေါ်လာသည့် မီးခိုးများ မီးတောက်များ၏ ဓါတ်ပုံများကို တွစ်တာတွင် အေဂျင်စီက ဖော်ပြခဲ့သည်။ မီးလောင်မှုကြောင့် သုံးထပ်ခန့်ရှိသော ဆေးရုံ၏ အတွင်းပိုင်းမှာ ဆိုးဆိုးဝါးဝါးပျက်စီးသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly