အမေရိကန်စစ်တပ် ရှုံးနိမ့်မှုအကြောင်းရိုက်ကူးထားသည့် တရုတ်ဝါဒဖြန့်ရုပ်ရှင် နိုင်ငံ၏ဝင်ငွေအကောင်းဆုံးရုပ်ရှင် ဖြစ်လာဖွယ်ရှိ

အမေရိကန်စစ်တပ် ရှုံးနိမ့်မှုအကြောင်းရိုက်ကူးထားသည့် တရုတ်ဝါဒဖြန့်ရုပ်ရှင် နိုင်ငံ၏ဝင်ငွေအကောင်းဆုံးရုပ်ရှင် ဖြစ်လာဖွယ်ရှိ

အမေရိကန်တပ်ဖွဲ့များ ရှုံးနိမ့်မှုအကြောင်းရိုက်ကူးထားသည့် တရုတ်အစိုးရကျောထောက်နောက်ခံပြု ဝါဒဖြန့် သမိုင်းဖြစ်စဉ်ဇာတ်လမ်းသည် နိုင်ငံ၏ဝင်ငွေအကောင်းဆုံးရုပ်ရှင်ဖြစ်လာမည့် အခြေအနေတွင် ရှိနေသည်။

"The Battle at Lake Changjin"ဇာတ်ကားသည် ကိုရီးယားစစ်ပွဲအတွင်း တရုတ်စစ်သားများအကြောင်း ရိုက်ကူးထားခြင်းဖြစ်ပြီး တရုတ်နှင့်မြောက်ကိုရီးယားနယ်စပ်မှ အမေရိကန်နှင့်မဟာမိတ်များကို အနိုင်ယူရန် ကြိုးစားခဲ့ပုံဖြစ်သည်။

ထိုရုပ်ရှင်ကို သီတင်းတစ်ပတ်ကြာ တရုတ်အမျိုးသားနေ့အားလပ်ရက်မတိုင်မီ စက်တင်ဘာ ၃၀ ရက်က တရုတ်ရုပ်ရှင်ရုံများတွင် ပြသခဲ့ပြီး ယနေ့အချိန်ထိအမေရိကန်ဒေါ်လာ ၇၆၉ သန်းဝင်ငွေရရှိထားသည်ဟ ုရုပ်ရှင်အတိုင်ပင်ခံလုပ်ငန်း Artisan Gateway ကိုကိုးကား၍ Variety မီဒီယာကဖော်ပြခဲ့သည်။

တရုတ် box officeသည် ကမ္ဘာတွင် အကြီးဆုံးဖြစ်သဖြင့် ‘The Battle at Lake Changjin’ သည် ကမ္ဘာတွင် ဝင်ငွေအကောင်းဆုံးရုပ်ရှင်ဟု အဓိပ္ပါယ်သက်ရောက်သည်။

ရိုက်ကူးစရိတ် အမေရိကန်ဒေါ်လာသန်း ၂၀၀ ကျော်ကုန်ခဲ့ကာ တရုတ်တွင် ရိုက်ကူးသမျှ ရုပ်ရှင်များအနက် အကုန်အကျအများဆုံးဖြစ်သည်ဟု Hollywood Reporter ၌ ဖော်ပြထားသည်။

ရုပ်ရှင်သည် တရုတ်ကွန်မြူနစ်ပါတီတည်ထောင်ခြင်းနှစ် ၁၀၀ ပြည့်အထိမ်းအမှတ်၌ အမျိုးသားရေး စိတ်ဓာတ်ကိုလှုံ့ဆော်ရန် တရုတ်၏ ကြိုးပမ်းအားထုတ်မှုနှင့် တိုက်ဆိုင်နေသည်။

လက်ရှိအခြေအနေအရ ‘The Battle at Lake Changjin’ သည် နိုင်ငံတွင် ဝင်ငွေအကောင်းဆုံး ရုပ်ရှင်ဖြစ်လာမည့် လမ်းကြောင်းပေါ် ရှိနေသည်ဟု နိုင်ငံပိုင် Global Times သတင်းစာကအောက်တိုဘာ ၁၇ က ဖော်ပြခဲ့သည်။

တရုတ်အစိုးရသည် ၎င်း၏ အာဏာကို သို့မဟုတ် အကျိုးစီးပွားကိုထိခိုက်စေသော အချို့ရုပ်ရှင်များကိုဆင်ဆာဖြတ်တောက်ခြင်းသို့မဟုတ် တားမြစ်ခြင်းဖြင့် ရုပ်ရှင်ထုတ်လုပ်မှုအပေါ် ကာလရှည်ကြာ အတင်းအကျပ် ချုပ်ကိုင်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly