မန္တလေးမြို့ ၂ နေရာတွင် စစ်တပ်လုံခြုံရေး ထူထပ်စွာဖြင့် တပ်ထောက်ခံပွဲ လုပ်

မန္တလေးမြို့ ၂ နေရာတွင် စစ်တပ်လုံခြုံရေး ထူထပ်စွာဖြင့် တပ်ထောက်ခံပွဲ လုပ်

အောက်တိုဘာ ၂၅

မန္တလေးမြို့ တွင် အာဏာသိမ်း စစ်တပ်ထောက်ခံပွဲကို နေရာ နှစ်နေရာ၌ စစ်တပ်လုံခြုံရေး ထူထပ်စွာဖြင့် ယနေ့ အောက်တိုဘာလ ၂၅ ရက် နေ့လယ် ၁ နာရီ အချိန်ခန့်က ပြုလုပ်ခဲ့သည်။

စစ်တပ် တပ်စခန်းချထားသည့် မန္တလေးနန်းတွင်း အရှေ့ဘက်နှင့် မြောက်ဘက် အဝင်ဝအနီး စုရပ်ပြုလုပ်ကာ လူအသွားအလာ နည်းသည့် ၆၆ လမ်းပေါ်တွင် တစ်ပွဲ ပြုလုပ်ပြီး ရတနာပုံ တိရိစ္ဆာန် ဥယျာဉ် အနောက်ဘက် မန္တလေး-မိုးကုတ် လမ်းပေါ်တွင် တစ်ပွဲ ပြုလုပ်ခဲ့သည်ကို တွေ့ရသည်။

အဆိုပါ ထောက်ခံပွဲကို လက်နက်နှင့် လုံခြုံရေးဝတ်စုံ အပြည့် ဝတ်ဆင်ထားသော ရဲနှင့် စစ်သားများအပြင် အရပ်ဝတ် လက်နက်ကိုင်များကပါ လမ်းတစ်လျှောက် လုံခြုံရေး ယူပေးသည်ကို တွေ့မြင်ခဲ့ရသည်။

အာဏာသိမ်း စစ်တပ်ထောက်ခံပွဲများကို ယနေ့ အောက်တိုဘာ ၂၅ ရက် နံနက်ပိုင်းက နေပြည်တော် အပါအဝင် ပြင်ဦးလွင်၊ မိတ္ထီလာ၊ မတ္တရာ၊ မော်လမြိုင်၊ စလင်း၊ ကံမ နှင့် မြစ်ကြီးနား မြို့တို့တွင် ပြုလုပ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly