ဗဟန်း မှန်​ရ​ဝေလမ်းထဲ စစ်ကောင်စီ အင်အားအလုံးအရင်းဖြင့်ရှာ​ဖွေ၊ အမျိုးသား ၁ ဦးအား ဦးခေါင်းစွပ်ကာ ဖမ်းဆီးသွား

ဗဟန်း မှန်​ရ​ဝေလမ်းထဲ စစ်ကောင်စီ အင်အားအလုံးအရင်းဖြင့်ရှာ​ဖွေ၊ အမျိုးသား ၁ ဦးအား ဦးခေါင်းစွပ်ကာ ဖမ်းဆီးသွား

အောက်တိုဘာ ၂၆

ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ​စျေး​ကွေ့မှတ်တိုင်အနီးရှိ မှန်ရ​ဝေလမ်းအတွင်းသို့ စစ်ကားနှင့် ရဲကား ၁၀စီးဝန်းကျင်၊ အင်အား ၅၀ ​ကျော်ဖြင့် ယ​နေ့ ​အောက်တိုဘာလ ၂၅ ရက်​နေ့ မနက် ၉ နာရီ ၄၅ မိနစ်ခန့်က ဝင်ရောက်ရှာဖွေပြီး အမျိုးသားတစ်ဦး၏ ဦးခေါင်းကို မျက်နှာအုပ်သည်အထိခေါင်းစွပ် စွပ်ပြီး ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဖမ်းဆီးခံရသူ၏ ဒေသခံတစ်ဦးက ပြောသည်။

ဖမ်းဆီးခံရသူ ဦးမျိုးသက်​ဆွေမှာ ၎င်း၏​နေအိမ်၌ပင် ဖမ်းဆီးခံခဲ့ရ​ခြင်းဖြစ်သော်လည်း ဖမ်းခံရသည့် အကြောင်းရင်းကို မိသားစုက မသိရှိဟု ဆိုသည်။

"ဘာကိစ္စနဲ့ ဖမ်းတယ်​တော့မသိဘူး။ တစ်အိမ်လုံးဝင်ရှာတယ်။ လက်ပ်​တော့၊ ခရီး​ဆောင်အိတ်၊ ကားပါယူသွားတယ်။ ​ခေါင်းကိုစွပ်ပြီး​ ခေါ်သွားတာ၊ ဘယ်ကို​ခေါ်သွားမှန်းလည်း မသိဘူး"ဟု ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။

အသက် ၄၀ အရွယ်ခန့်ရှိ ဦးမျိုးသက်​ဆွေသည် အိမ်အလှဆင်ခြင်း၊ ကန်ထရိုက်ယူခြင်း စသည့် ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်သူတစ်ဦးဖြစ်သည်ဟု ဆိုသည်။

သို့​သော် မျက်နှာအုပ်ကာ စစ်ကား​ပေါ်သို့ တင်​​ခေါ်သွား​သော ဖမ်းဆီးခံရပုံ​ကိုကြည့်ခြင်းအားဖြင့် စစ်​ကြော​ရေးသို့​ ရောက်ရှိနိုင်မည်ဟု ​ဒေသခံများက ယူဆ‌နေကြသည်။

ယမန်​နေ့ညကလည်း ဗဟန်းမြို့နယ် ရွှေဂုံတိုင် Delta အိမ်ယာဝင်းအတွင်းရှိ ​​မြောင်းမြ​ဒေါ်ချို၏ သမီးနှစ်​ဦး အဖမ်းခံလိုက်ရပြီး နောက်ဆက်တွဲသတင်းကိုမူ မသိရှိရသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly