ပါကစ္စတန်ပိုင် ကက်ရှ်မီးယားဒေသမြောက်ပိုင်း ဂေးလ်ဂစ်မြို့တွင် အစိုးရ၏ မူဝါဒအများအပေါ် ဆန့်ကျင့်ဆန္ဒပြ

ပါကစ္စတန်ပိုင် ကက်ရှ်မီးယားဒေသမြောက်ပိုင်း ဂေးလ်ဂစ်မြို့တွင် အစိုးရ၏ မူဝါဒအများအပေါ် ဆန့်ကျင့်ဆန္ဒပြ

ပါကစ္စတန်နို်ငငံအတွင်းရှိ ကက်ရှ်မီးယားဒေသမြောက်ပိုင်း သီးခြားအုပ်ချုပ်ရေးနယ်မြေ ဂေးလ်ဂစ် ဘယ်တစ်စတန်နယ်မြေရှိ ဂေးလ်ဂစ် မြို့တွင် အစိုးရက စွက်ဖက်နှောက်ယှက်မှုများ၊ ခေါင်းပုံဖြတ်ခြင်းများနှင့် ခွဲခြားဆက်ဆံမှုများ ပြုလုပ်သည့် မူဝါဒများအပေါ် ကန့်ကွက်ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြသည်။

အဆိုပါ ဆန္ဒပြပွဲတွင် နယ်မြေခံ နိုင်ငံရေးပါတီဝင်များ၊ အာဝါမီ လုပ်ငန်းကော်မတီနှင့် လူ့အခွင့်အရေးဆိုင်ရာ တက်ကြွလှုပ်ရှားသူများ ပါဝင်ခဲ့ကြသည်။

ပါကစ္စတန်အစိုးရက တရားမဝင် သိမ်းပိုက်အုပ်ချုပ်နေသည့် အဆိုပါ နယ်မြေတွင် နိုင်ငံရေးထိန်းချုပ်မှု ပိုမိုလုပ်ဆောင်ရန် အစိုးရ၏ ပြင်းထန်စွာ လုပ်ဆောင်လာခြင်းအပေါ် ဒေသခံပြည်သူများက ကန့်ကွက်သည့် အထိမ်းအမှတ်အဖြစ် ယခုဆန္ဒပြပွဲကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

နယ်မြေတိုးတက်ရန် ခေါင်းစဉ်အောက်မှ မူဝါဒများသည် နယ်မြေ၏ လူဦးရေ ကိန်းဂဏန်းကို ပြောင်းလဲရန်နှင့် ဒေသခံများ ပိုင်ဆိုင်ထားသည့် မြေများကို လွှဲပြောင်းရယူရန် ဆိုးရွားရက်စက်စွာ ရေးဆွဲထားသည့် မူဝါဒများအပေါ် ဒေသခံများက စိုးရိမ်လျက်ရှိသည်။

ပါကစ္စတန်အစိုးရသည် မကြာသေးမီက ဒေသခံမဟုတ်သူများအား ဟိုတယ်များနှင့် မြေနေရာများကို ငှားရမ်း လုပ်ကိုင်ခွင့် ပြုခဲ့သည်။ မူဝါဒ ရေးဆွဲစဉ်ကာလက မိမိတို့အား ထည့်သွင်းစဉ်းစားခြင်း၊ တိုင်ပင်ဆွေးနွေးခြင်းများ မပြုလုပ်ခဲ့သောကြောင့် ယခုကဲ့သို့ လုပ်ဆောင်မှုများကို သဘောမတူနိုင်ကြောင်း ဒေသခံများက ပြောကြားသည်။

ဂေးလ်ဂစ် ဘယ်တစ်စတန်နယ်မြေ၏ အာဝါမီ လုပ်ငန်းကော်မတီ ဥက္ကဌဖီဒါဟူစိန်က “ကျွန်တော်တို့ နယ်မြေနဲ့ပတ်သက်လို့ ဆုံးဖြတ်ချက်တွေ ချမှတ်တဲ့အခါမှာ ကျွန်တော်တို့က ဘယ်တုန်းကမှ ထည့်သွင်းမစဉ်းစားခဲ့ဘူး။ သူတို့ရဲ့ ဆုံးဖြတ်ချက်တွေကိုတောင် လက်ခံသလားဆိုတာ ကျွန်တော်တို့ကို မမေးခဲ့ပါဘူး။ ကျွန်တော်တို့ ဒေသရဲ့ တွင်းထွက်လုပ်ငန်း၊ ဓာတ်သတ္တုတူးဖော်ရေး၊ မြေယာငှားရမ်းမှုတို့နဲ့ သက်ဆိုင်နေပါတယ်။ ကျွန်တော်တို့ဆီကဟာတွေကို ယူပြီး အခြားပြည်နယ်တွေကို ပေးနေပါတယ်။ ဒေသတွင်းမှာ အလုပ်လက်မဲလည်း တိုးလာတယ်” ဟု ၎င်းက ပြောကြားသည်။

ဗြိတိသျှတို့ထံမှ အိန္ဒိယနိုင်ငံ လွတ်လပ်ရေးရပြီးနောက်ပိုင်း ပါကစ္စတန်တို့က ယင်းဒေသကို ကျူးကျော်ဝင်ရောက်ကာ ရင်းမြစ်များကို နှစ် ၇၀ ကျော်ကြာ ခိုးထုတ်ခဲ့သည့်အပြင် လွန်ခဲ့သည့် နှစ်များမှ စတင်၍ ခေါင်းပုံဖြတ်မှုများကို ပြုလုပ်လာသည်။

ပထမတွင် ဂေးလ်ဂစ် ဘယ်တစ်စတန်နယ်မြေကို ပါကစ္စတန်၏ ယာယီ ပြည်နယ်အဆင့် သတ်မှတ်ပေးခဲ့ပြီး နောက်ပိုင်းတွင် ဒေသခံပြည်သူများ၏ ပိုင်ဆိုင်မှု မရှိသလောက်နီးပါးဖြစ်စေမည့် မူဝါဒအများအပြားကို ချမှတ်ပြီး နိုင်ငံရေးအရ လွှမ်းမိုးနိုင်အောင် လုပ်ဆောင်ခဲ့သည်။

နိုင်ငံရေးအရ လှည့်စားသည့် မက်လုံးများ၊ မမှန်ကန်သည့် ကတိများဖြင့် ဒေသခံများကို စည်းရုံးသိမ်းသွင်းရန် ပါကစ္စတန်အစိုးရက ကြိုးပမ်းခဲ့သော်လည်း ဗဟုသုတများသော ပြည်သူများက လက်မခံခဲ့ဘဲ အစိုးရက ကောက်ခံသည့် ဘဏ္ဍာငွေများကို ထိပ်ပိုင်း နိုင်ငံရေးသမားများနှင် ဗျူရိုကရက်အရာရှိများကိုသာ ခွဲဝေပေးခဲ့ပြီး သာမန်လူတန်းစားများအနေဖြင့် ဆက်လက်ဆင်းရဲနေကြကြောင်း ဒေသခံများက ပြောကြားသည်။

ယခုအခါတွင် ခေါင်းငုံမခံတော့ဘဲ မည်သည့်အခြေအနေတွင်မဆို အရှုံးပေးတော့မည်မဟုတ်ကြောင်း ဒေသခံများက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly