တိဗက်ရွှေ့ပြောင်းနေထိုင်သူများ၏ မြေယာပိုင်ဆိုင်မှုများအား လွှဲပြောင်းပေးရန် တရုတ် အစိုးရ အကျပ်ကိုင်

By Latestly
25 October 2021
တိဗက်ရွှေ့ပြောင်းနေထိုင်သူများ၏ မြေယာပိုင်ဆိုင်မှုများအား လွှဲပြောင်းပေးရန် တရုတ် အစိုးရ အကျပ်ကိုင်

ရှင်းဟိုင်ပြည်နယ်မှ တရုတ်အာဏာပိုင်များသည် တိဗက်ရွှေ့ပြောင်းများ၏ ဘိုးဘွားပိုင်မြေများကို အစိုးရဆီလွှဲပြောင်းမည့်သဘောတူညီချက်အား လက်မှတ်ထိုးရန် အကျပ်ကိုင်လျက်ရှိသည်။

ရေကြည်ရာမြက်နုရာလှည့်လည်သွားလာနေသူများသည် တိဗက်ကုန်းပြင်မြင့်၏ စိမ်းလန်းသော စားကျက်မြေများပေါ်တွင် ခြံမွေးတိရစ္ဆာန်များကို ထိန်းကျောင်းရင်းလွန်ခဲ့သော ရာစုနှစ်များစွာက ၎င်းတို့ ဘိုးဘွားများနေထိုင်ခဲ့သည့်နည်းအတိုင်း အများအားဖြင့် နေထိုင်ကြသော်လည်း တရုတ်အာဏာပိုင်များက ယခုအခါ ၎င်းတိဗက်ရွှေ့ပြောင်းများအား စားကျက်မြေသို့ ဝင်ရောက်ခွင့် ကန့်သတ်ထားကြောင်း Radio Free Asia ကဖော်ပြခဲ့သည်။

“မြေပိုင်ဆိုင်မှုတွေကို အစိုးရဆီလွှဲပြောင်းပေးပါတယ်ဆိုတဲ့ ဒီပိုင်ဆိုင်မှုစာရွက်စာတမ်းတွေကို လက်မှတ်ထိုးဖို့ အာဏာပိုင်တွေက တိဗက်တွေကို တိုက်တွန်းနေတာပါ” ဟု ဒေသခံရင်းမြစ်တစ်ခုက RFA သို့ပြောသည်။

အာဏာပိုင်များသည် ကျဲဂူဒိုစီရင်စုရှိ တိဗက်ရွှေ့ပြောင်းများနေထိုင်ရာ ထရင်ဒူကောင်တီတွင် အသုံးပြုမှုခွင့်ပြုချက်များကို ရုပ်သိမ်းကာ မြေယာများကို နိုင်ငံတော် ဘဏ္ဍာအဖြစ် သိမ်းယူနေသည်။ မြေသိမ်းခြင်း၏ အမှန်တကယ်ရည်ရွယ်ချက်မှာ တိဗက်ရွှေ့ပြောင်းများအား မြို့ထဲသို့ ပြောင်းနေကြရန် တွန်းအားပေးခြင်းဖြစ်သည်။

တရုတ်အစိုးရသည် လွန်ခဲ့သော နှစ်ပေါင်း ၅၀ က တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုရှိဒေသခံများအား အနှောင့်အယှက်မပြုဘဲ၎င်းတို့ စားကျက်မြေများကို အသုံးပြုခွင့်ပေးခဲ့သည့် သက်တမ်းသည် ယခုအခါ ကုန်ဆုံးသွားပြီဖြစ်သည်။

ရှင်းဟိုင်ပြည်နယ် ထရင်ဒူကောင်တီ၌ ဩဂုတ်လအစောပိုင်းကလုပ်ပိုင်ခွင့်များကို လက်မှတ်မထိုးရန် ဒေသခံများအား အကြံပေးခဲ့သည့် တိဗက်လူထုခေါင်းဆောင်နှင့်တူတော်သူတစ်ဦးသည် အဖမ်းခံခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly