တရုတ်ဈေးကွက်များပြိုလဲပြီးနောက် အခြေအနေ ပြန်လည်ဦးမော့လာ

တရုတ်ဈေးကွက်များပြိုလဲပြီးနောက် အခြေအနေ ပြန်လည်ဦးမော့လာ

တရုတ်တွင် စည်းမျဉ်းစည်းကမ်းများတင်းကျပ်မှုနှင့် ကြွေးမြီးအကျပ်အတည်းက စီးပွားရေးတစ်ခုလုံးကို ကူးစက်မည်ကို စိုးရိမ်ခြင်းကြောင့် ၂၀၂၁ခုနှစ်တွင် ရင်းနှီးမြှုပ်နှံသူများက တရုတ်ကို ကြောက်ရွံ့နေခဲ့သည်။ ၎င်းတို့သည် ယခုတော့ တရုတ်ဘက်သို့ ပြန်လှည့်လာနေသည်။

မကြာသေးမီရက်များအတွင်း တရုတ်အာဏာပိုင်များသည် မိန့်ခွန်းများ၊ နိုင်ငံပိုင်မီဒီယာဆောင်းပါးများ၊ မူဝါဒဖြေလျော့မှုနှင့် အချို့သောကိစ္စရပ်များတွင် တိုက်ရိုက်ဝင်ရောက်ကိုင်တွယ်ခြင်းများမှတစ်ဆင့် ကမ္ဘာ့ရင်းနှီးမြှုပ်နှံသူများ၏ ကြီးမားသောစိုးရိမ်မှုများကို ဖြေလျှော့ပေးခဲ့သည်။

တရုတ်၏ ထုတ်ပြန်ချက်သည် ရှင်းလင်းသည်။ တရုတ်အစိုးရက အိမ်ရာလုပ်ငန်း ဈေးကွက်ပြိုလဲမှုကို ရှောင်ရှားရန်၊ စွမ်းအင်ပြတ်လပ်မှုကို ဖြေရှင်းရန်၊ China Evergrande Group ၏ ကြွေးမြီအကျပ်အတည်းကို ဖြေရှင်းရန်နှင့် နည်းပညာဈေးကွက်နှိမ်နင်းမှုကို ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ရေးတို့ဖြစ်သည်။

သမ္မတရှီကျင့်ဖျင်က သူ၏ “ ဘုံသာယာဝပြောရေး” လှုပ်ရှားမှု ပြီးမြောက်ရန် ကြိုးစားနေသည်များကို ပထမဆုံးအကြိမ်အဖြစ် ရှင်းရှင်းလင်းလင်းပြောကြားခဲ့သည်။

ရလဒ်အနေဖြင့် ယခုသီတင်းပတ်အတွင်း တရုတ်ဈေးကွက်အတွင်း သိသိသာသာ အလှည့်အပြောင်းဖြစ် သွားခဲ့ပြီး ၁၈လအတွင်း အကြီးမားဆုံးရလဒ်အဖြစ် ချေးငွေအညွှန်းကိန်း အမြင့်ဆုံးဖြစ်သွားခဲ့ကာ အထိနာခဲ့သော Didi Global Inc. နှင့် Kuaishou Technology တို့ကဲ့သို့သော ရှယ်ယာများသည် ၂၀ ရာခိုင်နှုန်းမြင့်တက်ခဲ့သလို တည်ဆောက်ရေးလုပ်ငန်းရှယ်ယာများသည် ၉ လအတွင်း ၂ရက်ဆက်တိုက် ဈေးနှုန်းများ အမြင့်ဆုံးသို့ မြင့်တက်ခဲ့သည်။

BlackRock Inc. နှင့် UBS Group AG တို့သည် တရုတ်ရှယ်ယာများတွင် အမြင့်ဆုံးဈေးတက်ခဲ့ပြီး Morgan Stanley ၏ ကြွေးမြီဌာနမှ ဈေးကစားနိုင်သည့်အဆင့်ကြွေးမြီများဝယ်ယူရန် အချိန်တန်ပြီဟု ပြောကြားခဲ့သည်။

တရုတ်က ကိုင်တွယ်နိုင်သော ဘဏ္ဍာရေးအကျပ်အတည်းဖြစ်ခြင်း၊ တရုတ်ရှယ်ယာများနှင့် ချေးငွေဈေးကွက် အလွန်အမင်းကျဆင်းနေခြင်းကြောင့် ဝယ်ယူရန်ဆွဲဆောင်နေခြင်းက ရင်းနှီးမြှုပ်နှံသူများ၏ စိုးရိမ်မှုများ ပျောက်ဆုံးသွားစေခဲ့သည်။

တရုတ်စတော့ရှယ်ယာများသည် လွန်ခဲ့သည့် ၃လပတ်က အလွန်ကျဆင်းခဲ့ရာတွင် အနှစ် ၂၀ အတွင်း ကမ္ဘာ့ဝယ်လိုအား အနည်းဆုံးသို့ ရောက်ရှိခဲ့သည်။

အကြွေးကုန်သည်များက တရုတ် အိမ်ရာတည်ဆောက်သူများအတွက် ၄၅ ရာခိုင်နှုန်း အကြွေး ပျက်ကွက်မှုနှုန်း သတ်မှတ်ခဲ့ပြီး ယင်းကို Morgan Stanley အလွန်မြင့်လွန်းသည်ဟုဆိုခဲ့သည်။

တရုတ်နိုင်ငံ၏ မူဝါဒချမှတ်သူများက Evergrandeအကျပ်အတည်းကို ခွင့်ပြုမည်မဟုတ်ကြောင်း ရှင်းရှင်းလင်းလင်း ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly