ခိုင်​​ထောင်​ကျွန်​း လူသတ်​မှု မြန်​မာ ၂ဦးအား ​သေဒဏ်​ချမှတ်​၍ ထိုင်းသံရုံးရှေ့ ဆန္ဒပြ

ခိုင်​​ထောင်​ကျွန်​း လူသတ်​မှု မြန်​မာ ၂ဦးအား ​သေဒဏ်​ချမှတ်​၍ ထိုင်းသံရုံးရှေ့ ဆန္ဒပြ

ရန်ကုန်၊ဒီဇင်ဘာ၂၄ ။          ။ ထိုင်းနိုင်ငံ ခိုထောင်ကျွန်း(လိပ်ကျွန်း)တွင် ဗြိတိန်နိုင်ငံသား ၂ဦး အသတ်ခံရမှုတွင်စွပ်စွဲခံမြန်မာနှစ်ဦးအား သေဒဏ်ချမှတ်ခဲ့မှုကို မကျေနပ်သည့်အတွက် ရန်ကုန်မြို့ရှိ ထိုင်းသံရုံးရှေ့တွင် ဒီဇင်ဘာ၂၄ရက် မွန်းလွဲ ၃နာရီခွဲအချိန်က ဆန္ဒပြခဲ့ကြသည်။

ခိုတောင်(လိပ်ကျွန်း)ကျွန်းတွင် ၂၀၁၄ စက်တင်ဘာ ၁၅ ရက်က ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရမှုဖြင့် စွပ်စွဲခံထားရသော မြန်မာ ၂ ဦးဖြစ်သော ကိုဝေဖြိုးနှင့် ကိုဇော်လင်းတို့အား ယနေ့ ဒီဇင်ဘာ ၂၄ ရက်တွင် ကော့စမွီခရိုင်တရားရုံးက ပြစ်မှုထင်ရှားသည်ဟုဆိုကာ သေဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။

 "ကျွန်တော်တို့် မြန်မာနှစ်ယောက်ကိုမတရား အပြစ်ပေးတာကို မခံမရပ်နိုင်လို့ ကျွန်တော်တို့ လာလုပ်တာပါ. ထိုင်းအစိုးရရဲ့ယုတ်မာရက်စက်မှုကို မခံနိုင်ဘူး.နောက်ထပ် ထိုင်းနိုင်ငံမှာရောက်နေတဲ့ မြန်မာတွေ မခံရအောင် ကျွန်တော်တို ဆန္ဒလာပြတာပါ"ဟုလာရောက် ဆန္ဒပြသူ ကိုနောင်တော်လေးက ပြောသည်။

အဆိုပါ လူသတ်မှုတွင် စွပ်စွဲခံမြန်မာ ၂ ဦးကို စစ်ဆေးရာတွင် မှုခင်းစစ်ဆေးမှုလုပ်ထုံးများစွာကို ချိုးဖောက်ခဲ့ခြင်း၊ အဓ္ဓမနှိပ်စက်ဝန်ခံခိုင်းခြင်း စသည်တို့ကြောင့် အဆိုပါ အမှုသည် ထိုင်း တရားရုံများ၊ ထိုင်း တရားစီရင်ရေးစနစ်၏ ယုံကြည်စိတ်ချရမှုအပေါ် နိုင်ငံတကာမှ စောင့်ကြည့်အာရုံစိုက်နေကြသော အမှုတခုလည်း ဖြစ်သည်။

ယခု သေဒဏ်ချမှတ်လိုက်ခြင်းနှင့်ပတ်သက်၍ တရားခံရှေ့နေအဖွဲ့မှ အဆင့်ဆင့် အယူခံဝင်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly