ကန်ကြီးထောင့်မြို့နယ်တွင် စစ်ကောင်စီတပ်သားများစီးလာသောကား ဗုံးပစ်ခံရ

ကန်ကြီးထောင့်မြို့နယ်တွင် စစ်ကောင်စီတပ်သားများစီးလာသောကား ဗုံးပစ်ခံရ

အောက်တိုဘာ ၂၄

ဧရာဝတီတိုင်း၊ကန်ကြီးထောင့်မြို့နယ်၊ကညင်ငူကျေးရွာအနီးတွင် ယနေ့ အောက်တိုဘာလ ၂၄ ရက်နေ့ ညနေ ၆ နာရီကျော်အချိန်ခန့်က စစ်ကောင်စီတပ်သားများ စီးနှင်းလိုက်ပါလာသည့် စစ်ကားတစ်စီး ဗုံးပစ်ခံခဲ့ရသည်ဟု ဒေသခံထံမှ သိရသည်။

ဆိုင်ကယ်စီးလာသည့် လူငယ်နှစ်ဦးက လမ်းမပေါ်မောင်းလာသော စစ်ကားပေါ်ကို ဗုံးပစ်တင်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ လူငယ်နှစ်ဦးသည် မည်သည့်အဖွဲ့အစည်းကဖြစ်သည်ကို မဇ္စျိမကဆက်လက်စုံစမ်းဆဲဖြစ်သည်။

"စစ်ကားပေါ်ကို ကောင်လေးနှစ်ယောက်က လက်ပစ်ဗုံးပစ်ထဲ့သွားတာဗျ၊ စစ်ခွေးတစ်ယောက်က သေဖို့များတယ်၊နောက်ထပ် စစ်ခွေးသုံးယောက်ကလဲသွေးအိုင်ထဲမှာလဲနေတာတွေ့တယ်၊ဗုံးပစ်တဲ့ကောင်လေးနှစ်ယောက်ထဲက တစ်ယောက်ကို ဖမ်းမိသွားတော့ ဝိုင်းရိုက်နေကြတယ်၊တစ်ယောက်ကတော့ထွက်ပြေးတာလွတ်သွားတယ်"ဟု ကညင်ငူရွာအနီးတွင် နေထိုင်သည့် ဒေသခံတစ်ဦးကပြောသည်။

လက်ရှိအချိန်တွင် စစ်ကား ဗုံးပစ်ခံခဲ့ရသည့် ကညင်ငူရွာအနီးတွင် စစ်ကောင်စီတပ်သား အများအပြားကပိတ်ဆို့စစ်ဆေးမှုများ ပြုလုပ်နေသည်ဟုသိရပြီး ဒဏ်ရာရရှိသည့် စစ်ကောင်စီတပ်သားများကိုလည်း လူနာတင်ကားများဖြင့် ခေါ်ဆောင်သွားကြသည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required