ဟိုက်ပါ စစ်ဘေးရှောင်စခန်းတွင် အမျိုးသားတစ်ဦး ကိုယ့်ကိုကိုယ်သတ်သေ

ဟိုက်ပါ စစ်ဘေးရှောင်စခန်းတွင် အမျိုးသားတစ်ဦး ကိုယ့်ကိုကိုယ်သတ်သေ
ဓာတ်ပုံ-ဇေယျာမင်း

ရန်ကုန်၊ဒီဇင်ဘာ ၂၄ ။           ။ ရှမ်းပြည်နယ် မိုင်းရှူးမြို့နယ်ရှိ ဟိုက်ပါ စစ်ဘေးရှောင်စခန်းတွင် အသက် ၃၀ အရွယ်အမျိုးသားတစ်ဦး အိမ်တွင်းရေးမပြေလည်မှုကြောင့် ဒီဇင်ဘာ ၁၉ရက်နေ့က ကိုယ်ကိုသတ်သေမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း ဟိုက်ပါကျေးရွာမှ ရပ်မိရပ်ဖတစ်ဦးဖြစ်သူဦးဖိုးအောင် ကပြောသည်။

စိတ်ဖိစီးမှုများ ဇနီးဖြစ်သူနှင့်စိတ်သဘောထား မကိုက်ညီခြင်းကြောင့် စိတ်ဖိစီးမှုများကာ သတ်သေခြင်းဖြစ်နိုင်ကြောင်း ဟိုက်ပါကျေးရွာနှင့် စစ်ဘေးရှောင်စခန်းတွင် တာဝန်ယူထားရသည့် ရပ်မိရပ်ဖတစ်ဦးဖြစ်သူ ဦးဖိုးအောင် ကဆိုသည်။

ဟိုက်ပါစစ်ဘေးရှောင်စခန်းတွင် လီဆူးတိုင်းရင်းသားများ ရှမ်းတိုင်းရင်းသားများနှင့် ဝတိုင်းရင်းသားများ စုစုပေါင်း အိမ်ထောင်စု ၃၀၀ ခန့်ရောက်ရှိနေပြီး လူဦးရေ ၁၀၀၀ ကျော်ခန့်ရောက်ရှိနေပါသည်။

ယခင်စစ်ဘေးရှောင်များနေရာချထားပေးရာ ဟိုက်ပါ ဘုန်းကြီးကျောင်းဝန်းအနီးတွင် လေကောင်းလေသန့်မရရှိခြင်းကြောင့် အသက်ရှုလမ်းကြောင်းရောဂါများ ဖြစ်ပေါ်လာမှုများ များပြားလာသည့် အတွက် ရွာဘေးကွင်းပြင်သို့ ပြောင်းရွှေ့ထားကြောင်း စုံစမ်းသိရှိရသည်။

နေရာပြောင်းရွှေ့သည့်အတွက် မိုးကာဖျင်ဟောင်းများ စုတ်ပြဲနေပြီး မိုးကာလိပ်များလိုအပ်ခြင်း ဆန်၊ နှင့် စာရေးကိရိယာများ ကလေးစီးဖိနပ်များနှင့် ဆရာဝန်များ လိုအပ်နေကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly