ရှင်ကျန်းအုပ်ချုပ်ရေးအတွက် တရုတ်ကွန်မြူနစ်ပါတီ၏ ရွေးချယ်မှုတွင် လုံခြုံရေးကိုအလေးထား

ရှင်ကျန်းအုပ်ချုပ်ရေးအတွက် တရုတ်ကွန်မြူနစ်ပါတီ၏ ရွေးချယ်မှုတွင် လုံခြုံရေးကိုအလေးထား

တရုတ်အစိုးရသည် လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွေ့အကြုံရှိသော ကွမ်တုံစစ်ပြန်တစ်ဦးနှင့် ဝီဂါကေဒါနှစ်ဦးတို့ကို ရှင်ကျန်းကွန်မြူနစ်ပါတီကော်မတီအတွက် ခန့်အပ်လိုက်ကြောင်းXinjiang Daily က ဖော်ပြသည်။

အသက် ၅၀ နှစ်အရွယ် ဟယ်ကျုံးယိုသည် သာယာဝပြောသော ကွမ်တုံပြည်နယ်တွင် နှစ်ပေါင်း ၃၀ ကျော်ကြာအလုပ်လုပ်ခဲ့သလို ဟိုင်နန်တွင်လည်း ထိပ်တန်းအရာရှိတစ်ဦးဖြစ်ခဲ့သည်။ သူသည် ၂၀၁၆ ခုနှစ်ကတည်းက ရှင်ကျန်းပါတီအကြီးအကဲချန်ကွမ်ဂေါင်၏ ဒုတိယပါတီအတွင်းရေးမှူး ၅ ဦးအနက် တစ်ဦးဖြစ်သည်။

ယူဆွတ်ဖူကျီယန်မိုင်မိုင်တီ (၅၃ နှစ်) သည် တာကစ်စကားပြော လူနည်းစုနေထိုင်သော ရှင်ကျန်းတောင်ပိုင်း Aksuစီရင်စုတွင် မွေးဖွားခဲ့ကာ ယင်း၌ အချိန်အများစု အလုပ်လုပ်ခဲ့သော ဝီဂါရဲဘော်တစ်ဦးဖြစ်သည်။

ယီလစ်ဇာတီအိုင်ဟီမန်တီဂျီယန်သည် တရုတ်နိုင်ငံ၏ အကြီးဆုံးစားသောက်ကုန်ထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးနိုင်ငံပိုင်လုပ်ငန်းCofco ၏ ဒုတိယဥက္ကဋ္ဌဖြစ်သည်။ များသောအားဖြင့် ဟန်အရာရှိများကြီးစိုးသော နိုင်ငံပိုင်လုပ်ငန်းကြီးတစ်ခု၏ အကြီးတန်းရာထူးသို့တက်ရန် ဝီဂါတစ်ဦးအတွက် ကြုံတောင့်ကြုံခဲ့ဖြစ်သည်။

ရှင်ကျန်းသည် ဝီဂါကဲ့သို့သောလူနည်းစုများအတွက် ပြင်းထန်သောစောင့်ကြည့်ခံရမှု၊ အစုလိုက်အပြုံလိုက် ထိန်းသိမ်းခြင်းနှင့် မွေးဖွားမှုထိန်းချုပ်ခြင်းအပါအဝင် လုံခြုံရေးအစီအမံများဖြင့် ဖိနှိပ်ခံနေရသလို တရုတ်အစိုးရကအကြမ်းဖက်မှုနှင့် အစွန်းရောက်မှုကိုတိုက်ဖျက်ရန်နှင့် ဆင်းရဲမှုကို လျှော့ချရန် လိုအပ်သည့်အတွက် လုပ်ဆောင်ခြင်းဖြစ်ကြောင်းပြောသည်။

လူ့အခွင့်အရေးအဖွဲ့များနှင့်အစိုးရအချို့က ထိုမူဝါဒများသည် လူသားများအပေါ် ရာဇဝတ်မှု ကျူးလွန်ခြင်းဖြစ်သည်ဟု ဆိုသည်။

ဝီဂါ ၃ ဦးနှင့် ကာဇက်တစ်ဦးအပါအဝင် ဟယ်ကျုံးယို၊ ယူဆွတ်ဖူကျီယန်မိုင်မိုင်တီနှင့် ယီလစ်ဇာတီအိုင်ဟီမန်တီဂျီယန်တို့ကို ခန့်အပ်မှုကြောင့် ရှင်ကျန်းပါတီကော်မတီအဖွဲ့ဝင် ၁၄ ဦးရှိလာသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required