လျှပ်စစ်ဓာတ်အားဖြတ်တောက်ခြင်းဖြင့် ရာသီဥတုရည်မှန်းချက်များ အောင်မြင်ရန် ရည်ရွယ်ချက်ကြောင့် တရုတ်၏ တိုးတက်မှု အဟန့်အတားဖြစ်နေ

လျှပ်စစ်ဓာတ်အားဖြတ်တောက်ခြင်းဖြင့် ရာသီဥတုရည်မှန်းချက်များ အောင်မြင်ရန် ရည်ရွယ်ချက်ကြောင့် တရုတ်၏ တိုးတက်မှု အဟန့်အတားဖြစ်နေ

တရုတ်နိုင်ငံသည် ၁၉၈၀ ပြည့်လွန်နှစ်များနောက်ပိုင်းတွင် အဆိုးရွားဆုံး လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုကို ကြုံတွေ့နေရပြီး နေအိမ်များနှင့် စက်မှုလုပ်ငန်းများတွင် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုကြောင့် တရုတ်၏ ကိုဗစ်-၁၉ နောက်ပိုင်း စီးပွားရေးတိုးတက်မှုနှင့် ကုန်ပစ္စည်း ထုတ်လု်ပရေး ကွင်းဆက်များကို အန္တရာယ်ဖြစ်စေနိုင်သည့် လက္ခဏာရပ်တစ်ခုသည်ဟု မီဒီယာသတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

“ ဆောင်းရာသီတွင် အပူပေးရန်နှင့် လျှပ်စစ်ဓာတ်အားထောက်ပံ့မှုအတွက် ကျောက်မီးသွေးလောင်စာသုံး လျှပ်စစ်ဓာတ်အားပေးကုမ္ပဏီများသည် ယခုအခါ ၎င်းတို့၏ ဝယ်ယူမှု လမ်းကြောင်းများကို မည်သည့် နည်းနှင့်မဆို တိုးချဲ့ဝယ်ယူနေသည်” ဟု တရုတ်လျှပ်စစ်ကောင်စီမှ ကိုယ်စားပြုသော လျှပ်စစ်ကုမ္ပဏီများက ပြန်လည် တုန့်ပြန်ထားသည်။

သို့သော် ကျောက်မီးသွေးထောက်ပံ့မှုအရင်းအမြစ်သစ်များရှာဖွေခြင်းသည် အပြောလွယ်သလောက် အလုပ် ခက်လှသည်၊ ပစ္စည်းပေးသွင်းသူများတွင် ရုရှားသည် ဥရောပဖောက်သည်များအား ပိုမိုအာရုံစိုက်ခြင်းနှင့် အင်ဒိုနီးရှား ကျောက်မီးသွေးအထွက်မှာ မိုးသည်းထန်စွာရွာသွန်းမှု ထိခိုက်ခဲ့ပြီး တရုတ် အနီးနားရှိ မွန်ဂိုလီးယားသည် ကုန်းလမ်းသယ်ယူပို့ဆောင်ရေးအခက်အခဲ ကြုံနေရသည်ဟု Portal Plus က ဖော်ပြခဲ့သည်။

လျှပ်စစ်ဓာတ်အားဖြတ်တောက်မှုများသည် Apple နှင့် Tesla ကဲ့သို့သော ကမ္ဘာ့နည်းပညာကုမ္ပဏီကြီးများသို့ ပစ္စည်းပေးသွင်းသူများကို ထိခိုက်စေသည်။ စက်တင်ဘာလတွင် စက်ရုံလည်ပတ်မှုများသည် ၄၄ ရာခိုင်နှုန်းအထိကျဆင်းခဲ့ပြီး ကူးစက်ရောဂါ အပြင်းထန် ဆုံးခံစားခဲ့ရသော ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ နောက်ပိုင်း အနိမ့်ဆုံးသို့ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း Portal Plus သတင်းဝက်ဘ်ဆိုက်တစ်ခုက ဖော်ပြခဲ့သည်။

ယခုအခါ တရုတ်စီးပွားရေးတိုးတက်မှုသည် ၈ ဒသမ ၂ ရာခိုင်နှုန်းမှ ၇ ဒသမ ၈ ရာခိုင်နှုန်းသို့ ကျဆင်းနိုင်သည် ဟု ကမ္ဘာလုံးဆိုင်ရာရင်းနှီးမြှုပ်နှံမှုဘဏ်များက ခန့်မှန်းချက်ကို လျော့ချခန့်မှန်းလိုက်သည်။

ယခုနှစ်ဆောင်းရာသီအတွက် ကုန်ပ စ္စည်းရေးပစ္စည်းများအားလုံးကို ရနိုင်သမျှနည်းလမ်းဖြင့် ဝယ်ယူရန် တရုတ်အစိုးရတာဝန်ရှိသူများက အစိုးရပိုင်ထိပ်တန်းစွမ်းအင်ကုမ္ပဏီများကို အမိန့်ပေးထားပြီး မပြုလုပ်ပါက အကျိုးဆက်ကို ခံစားရမည်ဟု Portal Plus က ဖော်ပြခဲ့သည်။

သံမဏိထုတ်လုပ်ခြင်း၊ အလူမီနီယမ်အရည်ကျိုခြင်း၊ ဘိလပ်မြေထုတ်လုပ်ခြင်းနှင့် ဓာတ်မြေသြဇာ ထုတ်လုပ်ခြင်း ကဲ့သို့သော လျှပ်စစ်အများအပြားသုံးစွဲသည့် လုပ်ငန်းများအပါအဝင် လုပ်ငန်းများစွာသည် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုကြောင့် ဆိုးရွားစွာ ထိခိုက်မှုများရှိနေသည်။

တရုတ်ပြည် ဖွံ့ဖြိုးရေးလုပ်ဆောင်သည့် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့်ပြုပြင်ပြောင်းလဲရေးကော်မရှင် (NDRC) သည် လျှပ်စစ်ဓာတ်အားထုတ်လုပ်သော ကုမ္ပဏီများအား ပိုမိုထုတ်လုပ်ရန်နှင့် လျှပ်စစ်ဓာတ်အား ခွဲတမ်းစနစ်ကို အချိန်ပိုပေးရန် တောင်းဆိုခြင်းဖြင့်အကျပ်အတည်းကို ဖြေရှင်းရန်ရည်ရွယ်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly