ထိုင်ဝမ်ကို ထောက်ခံမဲပေးသည့်အတွက် ဥရောပသမဂ္ဂကို တရုတ် ခြိမ်းခြောက်

By Washington Examiner
24 October 2021
ထိုင်ဝမ်ကို ထောက်ခံမဲပေးသည့်အတွက် ဥရောပသမဂ္ဂကို တရုတ် ခြိမ်းခြောက်

ဥရောပသမဂ္ဂဥပဒေပြုအမတ်များသည် ထိုင်ဝမ်နှင့် ကုန်သွယ်ရေးဆွေးနွေးမှုပြုလုပ်ရန်နှင့် ထိုင်ဝမ်ကို ပိုင်ဆိုင် ကြောင်း တရုတ်၏ ပြောကြားချက်ကို ဆန့်ကျင်သည့် လုပ်ဆောင်ချက်များကို အင်တိုက်အားတိုက် မဲပေးခဲ့သဖြင့် အနောက်တိုင်းဒီမိုကရေစီနိုင်ငံများနှင့် ကွန်မြူနစ်အစိုးရတို့အကြား တင်းမာမှုကို ဖြစ်လာစေသည်။

“ ဒါက သဘောသဘာဝအရကို ဆိုးရွားပြီး အလွန်ဆိုးရွားတဲ့ သက်ရောက်မှုဖြစ်လာတယ်” ဟု တရုတ်နိုင်ငံခြားရေး ဝန် ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝေဘင်းက အောက်တိုဘာ ၂၁ရက်က ပြောကြားခဲ့သည်။

“ သက်ဆိုင်သူတွေကို ပြောချင်တာက တရုတ်လူမျိုးတွေရဲ့သန္နိဌာန်၊ ဆန္ဒနဲ့ အမျိုးသားအချုပ်အခြာအာဏာနဲ့ နယ်မြေဂုဏ်သိက္ခာကို ကာကွယ်ဖို့ စွမ်းရည်ကို လျှော့မတွက်ပါနဲ့ ”

ဥရောပသမဂ္ဂက ဝီဂါမွတ်စလင်များအား တရုတ်၏ ဖိနှိပ်ခြင်းများကို ရှုတ်ချခြင်းကြောင့် အတ္တလန္တိတ်ဖြတ်ကျော် လှုပ်ရှားမှုအနေဖြင့် ဥရောပသမဂ္ဂနှင့် ဗြိတိန်ဥပဒေပြုအမတ်များအား တရုတ်က ဒဏ်ခတ် ပိတ်ဆို့မှုများ

ချမှတ်ခဲ့ခြင်းကြောင့် ဥရောပသမဂ္ဂနှင့် တရုတ်ပါလီမန်၏ ဆက်ဆံရေးသည် မကြာသေးမီလများအတွင်း ဆိုးရွားခဲ့သည်။

ဥရောပသမဂ္ဂတွင် ဥရောပသမဂ္ဂ- တရုတ် ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက်အား ထိန်းချုပ် လိုက်ခြင်းဖြင့် တရုတ်၏ ရန်လိုမှုကို တန်ပြန်လိုက်သလို အောက်တိုဘာ ၂၁ရက်တွင် ကုန်သွယ်ရေးဆွေးနွေးပွဲများအား ထောက်ခံ ကြောင်းနှင့် “ထိုင်ဝမ်ရှိ ဥရောပစီးပွားရေးနှင့် ကုန်သွယ်ရေးရုံး”အား နာမည်ပြောင်းလိုက်ပြီး “ထိုင်ဝမ်ရှိ ဥရောပသမဂ္ဂ” အမည်ဖြင့် ပြန်လည်ဖွင့်လှစ်ရန် အဆိုပြုချက်နှင့် ပေါင်းစည်းလိုက်ခြင်းဖြင့် ထိုင်ဝမ်နှင့် အခြားအစိုးရများအကြား နိုင်ငံရေးအရ ထိတွေ့ဆက်ဆံမှု၏ မည်သည့်လက္ခဏာကိုမဆို တရုတ်၏ ရန်လိုမှုအပေါ် တုန့်ပြန်လိုက်သည်။

ဥရောပသမဂ္ဂက ဒီလိုခြေလှမ်းမျိုးလှမ်းရင် ဒါက တကယ်ကြီးတဲ့ကိစ္စဖြစ်ပါလိမ့်မယ်၊ ဒါပေမယ့် အကောင်အထည် ဖော်နိုင်ဖို့တော့ ခက်မယ်ထင်ပါတယ်” ဟု ဘောလ်တစ်မှ တာဝန်ရှိသူတစ်ဦးက မဲခွဲအပြီးတွင် Washington Examiner အား ပြောကြားခဲ့သည်။

“ဒါက ဥရောပနိုင်ငံရေးသမားများစွာရဲ့ အတွေးအခေါ်ကို ထင်ဟပ်ပြသတာဖြစ်တဲ့အတွက် ဒါဟာသိပ်ကို လေးနက်တဲ့အချက်ပြချက်တစ်ရပ်ပါ” ဟု သူက ထပ်လောင်း ဆိုသည်။

တရုတ်က ကုန်သွယ်ရေးဆက်ဆံရေးကို ပထဝီနိုင်ငံရေးအားသာချက်အဖြစ် နည်းလမ်းပေါင်းစုံဖြင့် ပြောင်းလဲ ခဲ့သော်လည်း တရုတ်အစိုးရ၏ လုံခြုံရေးခြိမ်းခြောက်မှုများအဖြစ် အမေရိကန်ခေါင်းဆောင်များနှင့် အနောက်တိုင်းထောက်လှမ်းရေးအရာရှိများယူဆချက်များအတွက် အတ္တလန္တိတ်ဖြတ်ကျော် စည်းလုံး ညီညွတ်မှုကို အဟန့်အတားမဖြစ်ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly