လျှပ်စစ်ဓာတ်အားအကျပ်အတည်းကြောင့် တရုတ်နိုင်ငံ ပြည်နယ်အချို့တွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်

By The Hongkong Post
24 October 2021
လျှပ်စစ်ဓာတ်အားအကျပ်အတည်းကြောင့် တရုတ်နိုင်ငံ ပြည်နယ်အချို့တွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်

တရုတ်တွင် လျှပ်စစ်ဓာတ်အားအကျပ်အတည်းကြောင့် စက်ရုံများ လုပ်ငန်းလည်ပတ်မှု လျှော့ချရန် ဖိအားပေးခံနေရသလို ပြည်နယ်အချို့နှင့် အခြားမြို့များတွင်လည်း လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများ ရှိနေသည်ဟု မီဒီယာများက ဖော်ပြခဲ့သည်။

လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုသည် တရုတ်နိုင်ငံ၏ ကုန်ထုတ်လုပ်မှုအတွက် ယုံကြည်စိတ်ချရနိုင်လောက်သည့် ကမ္ဘာ့မြို့တော်အဆင့်အတန်းအပေါ် စမ်းသပ်နေသလို အစိုးရ၏ မဟာဗျူဟာအားနည်းချက်ကိုလည်း ဖော်ပြနေသည်။

ဓာတ်အားပြတ်တောက်မှုကြောင့် အာဏာပိုင်များသည် ကျောက်မီးသွေးတွင်းမှ ကျောက်မီးသွေးများ ပိုမိုထုတ်လုပ်ရန်နှင့် ကျောက်မီးသွေးဖြင့် ဓာတ်အားပိုမို ထုတ်လုပ်ရန် အလျင်စလို ကြေညာခဲ့ရကြောင်း The New York Times သတင်းစာတွင် ဖော်ပြထားသည်။

စိတ်ဝင်စားစရာကောင်းသည်မှာ ရာသီဥတုပြောင်းလဲမှုကိုဖြစ်စေသော ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ထုတ်လွှတ်မှုကို ထိန်းချုပ်ရန် ယခင်ကတိပြုထားသောအချက်များကြောင့် တရုတ်အစိုးရ၏ ဆုံးဖြတ်ချက်ကို စောင့်ကြည့်ခံနေရသည်။

“ ကျောက်မီးသွေးထုတ်လုပ်မှုနဲ့ ထောက်ပံ့ပေးကို တိုးမြှင့်နိုင်အောင် အစွမ်းကုန်ကြိုးစားသွားမှာပါ” ဟု တရုတ်ထိပ်တန်း စီးပွားရေး စီမံကိန်းအေဂျင်စီဖြစ်သည့် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင်၏ အထွေထွေအတွင်းရေးမှူး ကျောက်ချန်ရှင်းက ပြောကြားခဲ့သည်။

ကျောက်မီးသွေးကို မည်မျှတူးဖော်နိုင်သည်အပေါ် မူတည်၍ တရုတ်၏ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ကြောင့် လာမည့်လများတွင် ခိုင်မာသောစီးပွားရေးတိုးတက်မှုကိုပေးနိုင်မည်လားဟူသော မေးခွန်းပေါ်ထွက်လာ သည်ဟု NYT က သတင်းဖော်ပြခဲ့သည်။

ပြည်နယ် ၃၁ ခုအနက် ၂၀ ခန့်တွင် စွမ်းအင်ခွဲတမ်းစနစ်ကို အကောင်အထည်ဖော်နေသဖြင့် ကမ္ဘာ့ဒုတိယ အကြီးဆုံးစီးပွားရေး တရုတ်နိုင်ငံ၏ စက်မှုလုပ်ငန်းကဏ္ဍသည် အခက်ကြုံနေရသည်။

ကိုဗစ်-၁၉ ကြောင့် စီးပွားရေး ပြန်လည်ကောင်းမွန်လာချိန်တွင် တရုတ်စက်ရုံများမှ လျှပ်စစ်ဓာတ်အား လိုအပ်ချက် ပြန်လည် မြင့်တက်လာခြင်းကြောင့် ယင်းပြဿနာပေါ်ပေါက်လာခဲ့သည်ဟု ကျွမ်းကျင်သူများက ယုံကြည် နေကြသည်။

ဆောင်းရာသီနီးကပ်လာပြီဖြစ်သဖြင့် တရုတ်အစိုးရသည် စက်ရုံများအနေဖြင့် ကမ္ဘာ့ဈေးကွက်အတွက် စက်မှုပစ္စည်းများ ဆက်လက်ထုတ်လုပ်နိုင်ရေးအတွက် အချိန်ပြည့် လည်ပတ်ခွင့်ပြုမလားဆိုသည်ကို ဆုံးဖြတ်ရမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required