ဒဂုံမြို့သစ်တောင်ပိုင်း ရဲစခန်းအနီး ဗုံးပေါက်ကွဲမှုဖြစ် ရဲ ၁ ဦးဒဏ်ရာရ

ဒဂုံမြို့သစ်တောင်ပိုင်း ရဲစခန်းအနီး ဗုံးပေါက်ကွဲမှုဖြစ် ရဲ ၁ ဦးဒဏ်ရာရ

အောက်တိုဘာ ၂၃

ရန်ကုန်တိုင်း ဒဂုံမြို့သစ်တောင်ပိုင်းရှိ ရဲစခန်းတစ်ခုအနီးတွင် ယနေ့နေ့လယ်က ဖောက်ခွဲတိုက်ခိုက်မှုလုပ်ရာ ရဲတစ်ဦးဒဏ်ရာရရှိသွားကြောင်း ပြောက်ကျားအဖွဲ့တစ်ခုက ထုတ်ဖော်ပြောဆိုလိုက်သည်။

ဒဂုံမြို့သစ်တောင်ပိုင်း၊ ၂၀ရပ်ကွက်၊ ဂျိုးဖြူလမ်းနှင့် မောင်မကန်လမ်းထောင့်ရှိ တောင်ဒဂုံဧရာဝဏ်ရဲစခန်းအနီးတွင် နေ့လယ် ၁၂နာရီ ၁၆မိနစ်က ဖောက်ခွဲမှုကို အာဏာသိမ်းဆန့်ကျင်ရေးနှင့် ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ -Anti-Coup People's Liberation Force (ACPLF) က လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဆိုသည်။

"အဓိကကရဲစခန်းကိုပစ်မှတ်ထားဖောက်တာတာပါ၊ ပစ္စည်းက ရဲစခန်းနဲ့ နောက်က ကြက်ခြံရှိတယ်။ ရဲစခန်းနဲ့ ကြက်ခြံကြားထောင့်မှာချတာ၊ သုံးလုံးမှာ အသံတစ်လုံးကွဲတယ်။ နောက်အသံတစ်လုံး မကွဲဘူး damage (ပျက်စီး) တစ်လုံးကွဲတယ်၊ သူက အရပ်ဝတ်နဲ့ ဗုံးဖြုတ်ဖို့လာတာ အဲ့ဒီအချိန် နောက်နစ်လုံးထပ်ခွဲလိုက်တာပါ"ဟု ACPLF အဖွဲ့တာဝန်ရှိသူက ပြောသည်။

အဆိုပါပေါက်ကွဲမှုတွင် ရဲတပ်ဖွဲ့ဝင်တစ်ဦး ပြင်းထန်ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

ပေါက်ကွဲသည့်နေရာမှာ ရဲစခန်းနှင့် ပေ ၈၀ခန့် ဝေးသည့် ကြက်ခြံတွင် ပေါက်ကွဲခဲ့ပြီး ရဲလိုင်းခန်းနှင့် ပေ ၅၀ အကွာနေရာတွင် ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required