အငြင်းပွားရေပိုင်နက်တွင် တရုတ်၏ ရန်လိုသော လုပ်ရပ်များကို ဖိလစ်ပိုင်တွင် ဆန္ဒပြ

အငြင်းပွားရေပိုင်နက်တွင် တရုတ်၏ ရန်လိုသော လုပ်ရပ်များကို ဖိလစ်ပိုင်တွင် ဆန္ဒပြ

တောင်တရုတ်ပင်လယ်တွင် တရုတ်အစိုးရသင်္ဘောများ၏ ရန်လိုသော လုပ်ရပ်အပေါ် ဖိလစ်ပိုင်တွင် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီး အငြင်းပွားရေပိုင်နက်နှင့် ပတ်သက်၍ နှစ်နိုင်ငံအကြား တင်းမာမှု ဆက်လက်ဖြစ်ပွားခြင်း ဖြစ်သည်။

မိမိတို့ နိုင်ငံပိုင်နက်တစ်ဝိုက်နှင့် ပင်လယ်ရေပြင်အတွင်း တရားဝင်ပုံမှန် ကင်းလှည့်နေသည့် ဖိလစ်ပိုင်အာဏာပိုင်များကို တရုတ်သင်္ဘောများက ရေဒီယိုအချက်ပေးမှု အကြိမ် ၂၀၀ ကျော် ပြုလုပ်ခြင်း၊

ဥဩများဆွဲခြင်းနှင့် ဟွန်းတီးခြင်းစသည့် တရားမဝင်လုပ်ရပ်များအပေါ် ကန့်ကွက်ကြောင်း ဖိလစ်ပိုင် နိုင်ငံခြားရေးဌာနက အောက်တိုဘာ ၂၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။

“ဒီလိုရန်လိုတဲ့ လုပ်ရပ်တွေဟာ တောင်တရုတ်ပင်လယ်ရဲ့ ငြိမ်းချမ်းရေး၊ ငြိမ်ဝပ်ပိပြားရေးနှင့် လုံခြုံရေးကို ခြိမ်းခြောက်နေသလို နိုင်ငံတကာဥပဒေအရ တရုတ်ရဲ့ တာဝန်ဝတ္တရားတွေကို ပျက်ကွက်ရာလည်းရောက်ပါတယ်” ဟု ဖိလစ်ပိုင် နို်ငငံခြားရေးဌာန၏ တွစ်တာတွင် ရေးသားထားသည်။

အငြင်းပွားရေပိုင်နက်နှင့် ပတ်သက်၍ နှစ်နိုင်ငံအကြား တင်းမာမှုသည် ပြီးခဲ့သည့် လများအတွင်း မြင့်တက်လာသလို အဆိုပါ ရေပိုင်နက်အတွင်း တရုတ်သင်္ဘောများ ရောက်ရှိနေခြင်းကိုလည်း ဖိလစ်ပိုင်က အကြိမ်ကြိမ် ကန့်ကွက်ခဲ့သည်။

ဖိလစ်ပိုင်အစိုးရအားအမေရိကန်က ထောက်ခံထားသလို တရုတ်အစိုးရကလည်း ၎င်းတို့၏ လုပ်ရပ်များသည် ပုံမှန်တရားဝင်ဖြစ်ကြောင်း ပြောကြားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly