ဖြေလျှော့မှုများ ပိုမိုလုပ်ဆောင်ရန် အမေရိကန်နှင့်ကုန်သွယ်ဖက်အဖွဲ့များက တရုတ်ကို တိုက်တွန်း

By Yahoo Finance
23 October 2021
ဖြေလျှော့မှုများ ပိုမိုလုပ်ဆောင်ရန် အမေရိကန်နှင့်ကုန်သွယ်ဖက်အဖွဲ့များက တရုတ်ကို တိုက်တွန်း

တရုတ်၏ စက်မှုမူဝါဒများသည် ပြည်ပမှ ပံ့ပိုးပေးသူများအပါအဝင် သွင်းကုန်နှင့် ဝန်ဆောင်မှုများအပေါ် ဆန့်ကျင်လျက် တိမ်းစောင်းလွဲချော်နေကြောင်းနှင့် ဝါရှင်တန်သည် ပြုပြင်ပြောင်းလဲမှုများကို ရနိုင်စေရန် နည်းလမ်းပေါင်းစုံဖြင့်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း အမေရိကန်အစိုးရက အောက်တိုဘာ ၂၁ တွင် ပြောကြားခဲ့သည်။

ဖြေလျှော့မှုများ ထပ်မံလုပ်ဆောင်ရန်နှင့် ၎င်း၏ကျယ်ပြန့်သော ဈေးကွက်များကိုဖွင့်လှစ်ရန် သြစတေးလျ၊ဗြိတိန်၊ကနေဒါနှင့်ဥရောပသမဂ္ဂတို့အပါအဝင် အခြားအဓိက ကုန်သွယ်ဖက်နိုင်ငံများက တရုတ် နိုင်ငံကိုတောင်းဆိုခဲ့သည်။

စက်မှုဆိုင်ရာထောက်ပံ့မှုအပြင် အခြားမမျှတသည့် ကုန်သွယ်မှုစနစ်များတွင် နိုင်ငံပိုင်လုပ်ငန်းများအတွက် ဦးစားပေးဆက်ဆံခြင်း၊အချက်အလက်ကန့်သတ်ခြင်းများ၊အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်များဆိုင်ရာ

စည်းကမ်းတင်းကျပ်မှု မလုံလောက်ခြင်းနှင့် ဆိုက်ဘာခိုးယူခြင်းတို့ပါဝင်သည်ဟု အမေရိကန်သံရုံးတာဝန်ခံ ဒေးဗစ် ဘစ်စဘီး ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကိုပြောကြားခဲ့သည်။

ရှင်ကျန်းတွင် ထိန်းသိမ်းခံထားရသော ဝီဂါလူမျိုးစုများနှင့်ပတ်သက်သော တက်ကြွလှုပ်ရှားသူများ၏ စွပ်စွဲချက်ကိုရည်ညွှန်းလျက် ဘစ်စဘီးက “လုပ်ငန်းနယ်ပယ်အများအပြားမှာ တရုတ်ရဲ့ အတင်းအဓမ္မလုပ်စေခိုင်းမှုနဲ့ဆိုင်တဲ့ သတင်းတွေကိုလည်း ကျွန်တော်တို့ လျစ်လျူရှုလို့ မရပါဘူး” ဟုဆိုသည်။

ပြောင်းလဲမှုများပြုလုပ်ရန် လိုနေသော တရုတ်ကိုဆွဲဆောင်ရန် အမေရိကန်သည် ရနိုင်သမျှ ကြိုးစားလုပ်ဆောင်သွားမည်ဖြစ်ကြောင်းဂျီနီဗာမြို့ရှိ အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ်အဖွဲ့က ပြောဆိုသည့် မှတ်ချက်များတွင် ထည့်သွင်းပြောကြားခဲ့သည်။

အဖွဲ့ဝင်၂၀ဦးပါ ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်သော တရုတ်ကုန်သွယ်ရေးဝန်ကြီးဝမ်ဝေတောင်က “နောက်ဆုံးသုံးသပ်ချက်အရတရုတ်ဟာနက်ရှိုင်းတဲ့ ပြုပြင်ပြောင်းလဲရေး၊ ပွင့်လင်းတဲ့စီးပွားရေးကို ကျယ်ပြန့်ပြီးပိုမိုမြင့်မားတဲ့အဆင့်အထိတိုးတက်လာအောင် လုပ်ဆောင်နေပါတယ်”ဟု အစည်းအဝေးတွင်ပြောကြားခဲ့သည်။

“တရုတ်ဟာ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးစတဲ့နည်းလမ်းတွေနဲ့ ဉာဏပစ္စည်းမူပိုင်ခွင့် ကာကွယ်မှုကို အားဖြည့်နေပြီးပွင့်လင်းမြင်သာမှုရှိရှိနဲ့ သူ့ရဲ့တာဝန်တွေကို ဖြည့်ဆည်းပေးနေပါတယ်” ဟု ဝမ်ဝေတောင်ကဆိုသည်။

မျှတသောစျေးကွက်ယှဉ်ပြိုင်မှုနှင့် ပွင့်လင်းမြင်သာမှုရရှိရေး ပြုပြင်ပြောင်းလဲမှုများကို အင်တိုက်အားတိုက်လုပ်ဆောင်ရန် အခြားWTO အဖွဲ့ဝင်နိုင်ငံများက တရုတ်အား တိုက်တွန်းခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly