မြစ်မခ သတင်းထောက်ဟောင်း ကိုမျိုးမင်းထွန်း ဖမ်းဆီးခံရ

မြစ်မခ သတင်းထောက်ဟောင်း ကိုမျိုးမင်းထွန်း ဖမ်းဆီးခံရ

အောက်တိုဘာ ၂၂

ဧရာဝတီတိုင်း ပုသိမ်မြို့အခြေစိုက် မြစ်မခသတင်းဌာန၏ အကြီးတန်းသတင်းထောက်ဟောင်း ကိုမျိုးမင်းထွန်းကို စစ်ကောင်စီတပ်က ယနေ့တွင်လာရောက်ဖမ်းဆီးသွားသည်ဟု မိသားစုနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

အမှတ် (၁) ရပ်ကွက်၊ ငဝန်ကျွန်းသာ (၁)ရှိနေအိမ်တွင် ညနေ ၃ နာရီခန့်ကဖမ်းသွားခြင်းဖြစ်သည်။

"စစ်သားနဲ့ရဲတွေ အရပ်ဝတ်တွေဝတ်ပြီး ညနေပိုင်းက လာဖမ်းသွားတာပါ။

အင်အား ၃၀ လောက်ရှိမယ်။ အိမ်စီးကားသုံးစီးအပြည့်ပဲ။ အလုပ်တွေနားထားရတာဆိုတော့ သူကသူ့အိမ်မှာပဲနေနေတာပါ။ ဘာကြောင့်ဖမ်းသွားတယ်ဆိုတာတော့ မသိရသေးဘူး" ဟု သူကပြောသည်။

လက်ရှိမှာတော့ ကိုမျိုးမင်းထွန်းကို အနောက်တောင်တိုင်းစစ်ဌာနချုပ်ထဲကို ခေါ်ဆောင်သွားကြောင်းသိရပြီး မိသားစုတွေနှင့် အဆက်အသွယ်မရသေးကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly