အာဆီယံကြားဝင်မစွက်ဖက်ရေးမူကို ပြန်စဉ်းစားသင့်ကြောင်း မလေးရှားဝန်ကြီးပြော

အာဆီယံကြားဝင်မစွက်ဖက်ရေးမူကို ပြန်စဉ်းစားသင့်ကြောင်း မလေးရှားဝန်ကြီးပြော

အောက်တိုဘာလ ၂၂ ရက်

မြန်မာနိုင်ငံရဲ့လူ့အခွင့်အရေး အခြေအနေ ပိုပြီး ဆိုးဝါးလာတာကြောင့် အာဆီယံ အရှေ့တောင်အာရှ နိုင်ငံများ အကြား ဆယ်စုနှစ်နဲ့ချီ ကျင့်သုံးခဲ့တဲ့ အဖွဲ့ဝင် နိုင်ငံတွေအချင်းချင်း ကြားဝင် မစွက်ဖက်ရေးမူကို ပြန်လည်စဉ်းစားဖို့ လိုမယ့်အကြောင်း မလေးရှားနိုင်ငံခြားရေး ဝန်ကြီး Saifuddin Abdullah က ပြောဆိုပါတယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး နောက်ပိုင်း ဖမ်းဆီးခံရသူတွေ အပါအဝင် ထိန်းသိမ်းထားသူတွေကို ပြန်လွှတ်ပေးနေပေမဲ့ လုံလောက်မှု မရှိသေးသလို လူ့အခွင့်အရေး အခြေအနေ ကျယ်ကျယ်ပျံ့ပျံ့ ပြောင်းလဲလာတာ မဟုတ်တဲ့အကြောင်း နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့ကြီးတခုဖြစ်တဲ့ HRW က ဝေဖန်လိုက်ပါတယ်။ ဒီလို မြန်မာနိုင်ငံဆိုင်ရာ သတင်းတိုတွေကို မအိသန့်စင်က တင်ဆက်ထားပါတယ်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly