ရှီးအိုက်မွတ်စလင်များကို ပစ်မှတ်ထားရန် အိုက်စစ် သတိပေး

ရှီးအိုက်မွတ်စလင်များကို ပစ်မှတ်ထားရန် အိုက်စစ် သတိပေး

အီရတ်နှင့်ဆီးရီးယားအစ္စလာမ္မစ်နိုင်ငံတော် (အိုက်စစ်)သို့မဟုတ် ဒေ့ရှ်အဖွဲ့က ရှီးအိုက်မွတ်စလင်များသည် အန္တရာယ်ကြီးမားပြီးနေရာတိုင်းရှိ ၎င်းတို့အားပစ်မှတ်ထားမည်ဖြစ်ကြောင်း မီဒီယာသတင်းတစ်ပုဒ်၌ ဖော်ပြထားသည်။

အိုက်စစ်အဖွဲ့က ၎င်းတို့၏ အပတ်စဉ်စာစောင် Al-Naba ၌ အဆိုပါသတိပေးချက်ကိုထုတ်ပြန်ခဲ့သည်။ နေအိမ်များနှင့် စင်တာများမှ ရှီးအိုက်မွတ်စလင်များသည် ပစ်မှတ်ထားခံရမည်ဖြစ်ကြောင်း Khaamaသတင်း၌လည်း ဖော်ပြထားသည်။

ထုတ်ပြန်ချက်သည် အထူးသဖြင့် အာဖဂန်နစ္စတန်တွင်နေထိုင်သော ရှီးအိုက်မွတ်စလင်များကိုခြိမ်းခြောက် နေသည်။

ဘဂ္ဂဒက်မှ ခိုရာဆန်ဒေသအထိနေရာအနှံ့အပြားက ရှီးအိုက်မွတ်စလင်များကို ပစ်မှတ်ထားမည်ဟု အိုက်စစ် ၏ ထုတ်ပြန်ချက်တွင် ပါဝင်သည်။

တာလီဘန်သည် နိုင်ငံကိုထိန်းချုပ်ပြီးနောက် အိုက်စစ် ခိုရာဆန်သည် အာဖဂန်နစ္စတန်ငြိမ်းချမ်းရေးအတွက် အကြီးမားဆုံးသော ခြိမ်းခြောက်မှုဖြစ်သည်ဟု Khaama Press ကဖော်ပြသည်။

အာဖဂန်နစ္စတန် ကန်ဒါဟာပြည်နယ်ရှိ ရှီးအိုက်ဗလီတစ်ခုတွင် အောက်တိုဘာ ၁၅ ရက်က ပြင်းထန်သော ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးဝတ်ပြုသူ ၆၀ ကျော်သေဆုံးကာ ၈၀ ထက်မနည်းဒဏ်ရာရရှိခဲ့ပြီးနောက် ယခုသတိပေးချက် ပေါ်ထွက်လာခြင်းဖြစ်သည်။ အိုက်အက်စ် ခိုရာဆန် (IS-K) က ၎င်းတိုက်ခိုက်မှုသည် ၎င်းတို့လက်ချက်ဖြစ်ကြောင်းပြောခဲ့သည်။

အောက်တိုဘာ ၈ ရက်ကလည်းအာဖဂန်နစ္စတန် ခွန်ဒက်ဇ်ပြည်နယ်က ရှီးအိုက်ဗလီတစ်ခုတွင် တခြား အကြမ်းဖက်တိုက်ခိုက်မှုကြောင့် လူ ၁၀၀ ကျော်ထက်မနည်းသေဆုံးကာလူပေါင်းများစွာဒဏ်ရာရခဲ့သည်။

အာဖဂန်မြောက်ပိုင်းခွန်းဒက်ဇ်ရှိဆာရစ်အာဘက်ဗလီတွင် ဒေသခံများ သောကြာနေ့ဝတ်ပြုဆုတောင်းပွဲတက်စဉ် ဗုံးပေါက်ကွဲမှုကြောင့် ဗလီပျက်စီးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly