နယ်စပ်ထိန်းချုပ်မျဉ်းဆိုင်ရာ ကျန်ရှိသောပြဿနာများကို တရုတ် စောစောဖြေရှင်းရန် အိန္ဒိယမျှော်လင့်

By SIFY
21 October 2021
နယ်စပ်ထိန်းချုပ်မျဉ်းဆိုင်ရာ ကျန်ရှိသောပြဿနာများကို တရုတ် စောစောဖြေရှင်းရန် အိန္ဒိယမျှော်လင့်

အိန္ဒိယဘက်က အပြုသဘောဆောင်သောအကြံပြုချက်များကို ၁၃ ကြိမ်မြောက် တပ်မှူးအဆင့်ဆွေးနွေးပွဲအတွင်း ရှေ့တန်းတင်ခဲ့သော်လည်း တရုတ်ဘက်က သဘောတူခဲ့ခြင်းမရှိကြောင်း ပြည်ပရေးရာဝန်ကြီးဌာနက အောက်တိုဘာ ၁၄ တွင် ထုတ်ပြန် လိုက်ပြီး နှစ်ဦးနှစ်ဖက်သည် အပြန်အလှန်ဆက်ဆံရေးနှင့် မြေပြင်တွင် အခြေအနေတည်ငြိမ်ရေးကို ထိန်းသိမ်းရန်သဘောတူခဲ့ကြောင်း မှတ်ချက်ပြုသည်။

အရှေ့ဘက်လာဒက်ဒေသရှိ နယ်စပ်ထိန်းချုပ်မျဉ်း (LAC) ၌ ကျန်ရှိနေသေးသော ပြဿနာများအားလုံးကို တရုတ်အနေဖြင့် စောစောစီးစီးဖြေရှင်းရန် အိန္ဒိယကမျှော်လင့်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အာရင်ဒမ်ဘာချီက အပတ်စဉ်မီဒီယာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။

ကျန်ဒေသများအား ဖြေရှင်းခြင်းနှင့် ငြိမ်းချမ်းရေးနှင့်တည်ငြိမ်မှုကို ပြန်လည်တည်ဆောက်ခြင်းသည် နှစ်နိုင်ငံဆက်ဆံရေးတိုးတက်မှုအတွက် လွယ်ကူချောမွေ့စေလိမ့်မည်ဟုလည်း ၎င်းက ပြောသည်။

အာရင်ဒမ်ဘာချီကဒူရှန်ဘေမြို့၌ကျင်းပသောအိန္ဒိယနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးကိုလည်း ညွှန်းဆိုခဲ့ပြီးကျန်ရှိနေသေးသော ကိစ္စရပ်များကိုလည်း ဖြေရှင်းသင့်သည်ဟု သဘောတူကြောင်းပြောသည်။

အိန္ဒိယ-တရုတ် တပ်မှူးအဆင့် ၁၃ ကြိမ်မြောက်အစည်းအဝေးကို ချူရှူး-မော်ဒိုနယ်စပ်၌ အောက်တိုဘာ ၁၀ ရက်ကကျင်းပခဲ့ခြင်းဖြစ်သည်။

ဒုသမ္မတအမ်ဗန်ကိုင်ရာနာဒူ၏ အာရူနားချားလ်ပြည်နယ်ဆီလည်ပတ်မှုကိုတရုတ်ကဆန့်ကျင်ခြင်းနှင့် ပတ်သက်၍ ဘာချီကအာရူနားချားလ်ပြည်နယ်သည် အိန္ဒိယနှင့် တစ်သားတည်းဖြစ်၍ ငြင်းပယ်၍ မရသောအစိတ်အပိုင်းဖြစ်ကြောင်းနှင့် အိန္ဒိယခေါင်းဆောင်များသည် နိုင်ငံ၏အခြားပြည်နယ်များကို သွားသကဲ့သို့ပင် ၎င်းဒေသသို့ ပုံမှန် သွားလေ့ရှိကြောင်းထပ်လောင်းပြောခဲ့သည်။

နာဒူသည် အောက်တိုဘာ ၉ ရက်တွင် အာရူနားချားလ်ပြည်နယ်သို့ သွားရောက်ခဲ့ပြီးပ ြည်နယ်ညီလာခံ၏ အထူးအစည်းအဝေး၌ မိန့်ခွန်းပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly