ကုမ္ပဏီအချို့၏ စီမံခန့်ခွဲမှုအလွဲများမှ စိန်ခေါ်မှုများကို တရုတ် ရင်ဆိုင်နေရ

ကုမ္ပဏီအချို့၏ စီမံခန့်ခွဲမှုအလွဲများမှ စိန်ခေါ်မှုများကို တရုတ် ရင်ဆိုင်နေရ

တရုတ်၏ စီးပွားရေးသည်ကောင်းမွန်စွာလည်ပတ်နေသော်လည်း စီမံခန့်ခွဲမှုအလွဲများကြောင့် အချို့သောကုမ္ပဏီများက အကြွေးပေးရန်ပျက်ကွက်မှု အန္တရာယ်ကဲ့သို့သော စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်ဟု တရုတ်ပြည်သူ့ဘဏ်ဥက္ကဋ္ဌယိဂန်က အောက်တိုဘာ ၁၈ ရက်တွင် ပြောကြားခဲ့သည်။

ပြီးခဲ့သောသီတင်းပတ်များစွာက တရုတ်အိမ်ရာလုပ်ငန်းEvergrande Group သည် အမေရိကန်ဒေါ်လာ ၃၀၀ ဘီလီယံထက်မနည်း အကြွေးနွံနစ်နေကာ ဒေါ်လာငွေချေးစာချုပ်များအပေါ် အတိုးပေးဆပ်မှု ၃ ကြိမ်လွဲချော်ခဲ့လျက် ၎င်းလုပ်ငန်းပြိုလဲနိုင်မည့်အပေါ် စိုးရိမ်မှုများမြင့်တက်လာခဲ့သည်။

အချို့သောကုမ္ပဏီများအတွက် အကြွေးပေးရန်ပျက်ကွက်မှုနှင့် အသေးစားနှင့်အလတ်စားဘဏ်များ၏ လုပ်ငန်းလည်ပတ်မှုဆိုင်ရာအခက်အခဲများသည် တရုတ်စီးပွားရေးအတွက် စိန်ခေါ်မှုများတွင် အပါအဝင်ဖြစ်ပြီးအာဏာပိုင်များက ကြီးမားသည့် အန္တရာယ်မဖြစ်လာစေရန် အနီးကပ် စောင့်ကြည့်နေကြသည်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများ ပြတ်တောင်းပြတ်တောင်း မြင့်တက်လာမှုကြောင့် တရုတ်စီးပွားရေးတိုးတက်မှုသည် အသင့်အတင့်ရှိသော်လည်းယခုနှစ်တွင် ၈ ရာခိုင်နှုန်းအထိရှိမည်ဟု မျှော်မှန်းကြောင်း ယိဂန်က အပြည်ပြည်ဆိုင်ရာဘဏ်လုပ်ငန်းပေါင်း ၃၀ နှီးနှောဖလှယ်ပွဲအဖွဲ့၏ အွန်လိုင်းအစည်းအဝေး၌ ပြောကြားခဲ့သည်။

အာဏာပိုင်များသည် Evergrande ၏ ပြဿနာများ အခြားအိမ်ခြံမြေကုမ္ပဏီများသို့ ပျံ့နှံ့ခြင်းကို ကာကွယ်တားဆီးရန် အရင်ဦးဆုံးလုပ်ဆောင်လိမ့်မည်။

“ဥပဒေအရ မြီရှင်တွေနဲ့ ရှယ်ယာရှင်တွေရဲ့ အတိုးကိုအပြည့်အဝထောက်ထားရပါမယ်။ တာဝန်ရှိမှုကအရာအားဖြင့်ကြီးတယ်ဆိုတာ ဥပဒေက ရှင်းရှင်းလင်းလင်းထောက်ပြထားပါတယ်” ဟုယိဂန်ကပြောသည်။

အာဏာပိုင်မျာသည် မြီရှင်များနှင့် ရှယ်ယာပိုင်ဆိုင်သူများ၏အခွင့်အရေးကိုလေးစားရင်းစားသုံးသူများနှင့် အိမ်ဝယ်သူများ၏ ကာကွယ်ရေးကို ဦးစားအပေးဆုံးဖြစ်ကြောင်းနှင့် အသေးစားနှင့် အလတ်စားဘဏ်များအတွက် အရင်းအနှီးပြန်လည်ဖြည့်တင်းခြင်းကဲ့သို့ ဘဏ္ဍာရေးအန္တရာယ်များကို တားဆီးရန် အဆင့်အမျိုးမျိုး လုပ်ဆောင်နေခဲ့ကြောင်းယိဂန်ကဆိုသည်။

ကမ္ဘာ့ ဒုတိယစီးပွားရေးအင်အားအကြီးဆုံးနိုင်ငံသည် အထင်ကြီးစရာကောင်းလောက်အောင် ကပ်ရောဂါမှ နာလန်ပြန်ထူနိုင်ခဲ့သော်လည်းနာလန်ထူမှုသည် အရှိန်လျော့နေသည့် လက္ခဏာများရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly