တရုတ်နိုင်ငံ၌ ကလေးတို့၏ အပြုအမူဆိုးများအတွက် မိဘများကိုအပြစ်ပေးရန် ဥပဒေမူကြမ်းရေးဆွဲ

တရုတ်နိုင်ငံ၌ ကလေးတို့၏ အပြုအမူဆိုးများအတွက် မိဘများကိုအပြစ်ပေးရန် ဥပဒေမူကြမ်းရေးဆွဲ

တရုတ်ပါလီမန်သည် ကလေးငယ်များကအလွန်ဆိုးရွားသောအပြုအမူကိုပြသခြင်းသို့မဟုတ် ရာဇဝတ်မှုကျူးလွန်ခြင်းရှိပါကမိဘများကိုအပြစ်ပေးမည့်ဥပဒေအား စဉ်းစားတော့မည်ဖြစ်သည်။

မိသားစုပညာရေးမြှင့်တင်ရေး ဥပဒေကြမ်းအရ အစိုးရရှေ့နေများက မိဘထိန်းသိမ်း စောင့်ရှောက်မှု အောက်ရှိကလေးများတွင် ဆိုးရွားသောသို့မဟုတ် အပြစ်ရှိသော အပြုအမူများတွေ့ပါက အုပ်ထိန်းသူများအား ဆိုဆုံးမပြီး မိသားစုပညာရေးလမ်းညွှန်းအစီအစဉ်အတိုင်းသွားရန် အမိန့်ပေးမည် ဖြစ်သည်။

“ဆယ်ကျော်သက်မြီးကောင်ပေါက်အရွယ်တွေ ဆိုးဆိုးသွမ်းသွမ်းပြုမူတဲ့ အကြောင်းရင်းများစွာရှိပါတယ်။ မိသားစုပညာရေးမှာ ချို့တဲ့တာ ဒါမှမဟုတ် ဆီလျော်မှုမရှိတာတွေက အဓိကအကြောင်းချက်ပါ” ဟုအမျိုးသားပြည်သူ့ကွန်ဂရက် (NPC) အောက်ရှိ ဥပဒေရေးရာကော်မရှင်၏ ပြောရေးဆိုခွင့်ရှိသူ ဇန်တိုင်ဝေကပြောကြားခဲ့သည်။

ယခုသီတင်းပတ် NPC အမြဲတမ်းကော်မတီအစည်းအဝေးတွင် ပြန်လည်သုံးသပ်မည့် မိသားစု ပညာရေးမြှင့်တင်ရေးဥပဒေမူကြမ်းသည် ကလေးများအတွက် အနားယူရန်၊ ကစားရန်နှင့် လေ့ကျင့်ခန်းလုပ်ရန်အချိန်ဇယားကိုစီစဉ်ရန်မိဘများအားတိုက်တွန်းထားသည်။

တရုတ်သည် “စိတ်စွဲလမ်းမှု” ပုံစံဟုယူဆရသောအွန်လိုင်းဂိမ်းများကိုလူငယ်များစွဲလမ်းခြင်းမှစ၍ အင်တာနက်အကျော်အမော်များအား မျက်စိမှိတ် အားကျခြင်းများကို ဖိနှိပ်သည်အထိ ယခုနှစ်တွင် ဖခင် ၏ ကိုင်တွယ်မှုပုံစံကဲ့သို့ ကျင့်သုံးလာသည်။

မကြာသေးမီလများအတွင်း ပညာရေးဝန်ကြီးဌာနသည် အရွယ်မရောက်သေးသူများအတွက် ဂိမ်းကစားချိန်ကို ကန့်သတ်လိုက်ပြီး အွန်လိုင်းဂိမ်းကိုသောကြာ၊ စနေနှင့် တနင်္ဂနွေနေ့များတွင်သာ တစ်နေ့လျှင် ၁ နာရီကစားခွင့် ပေးထားသည်။

အိမ်စာခိုင်းခြင်းကိုလည်း လျှော့ချခဲ့သလိုကျောင်းပိတ်ရက်များတွင် အဓိကဘာသာရပ်များအတွက် ကျူရှင်ယူခြင်းကိုလည်း တားမြစ်လိုက်သောကြောင့် စိတ်ထိခိုက်နေသော ကလေးများအပေါ် လေးလံသော ပညာရေးဝန်ထမ်းဝန်ပိုးဖြစ်မည်ကို စိုးရိမ်ရသည်။

တစ်ချိန်တည်းမှာပင် တရုတ်လူငယ်များအားမိန်းကလေးမဆန်ရန်နှင့် ပိုမိုယောကျ်ားပီသရန် တိုက်တွန်းလျက်ရှိသည်။

ဒီဇင်ဘာလကထုတ်ပြန်ခဲ့သော “အရွယ်ရောက် ယောက်ျားလေးများမိန်းမဆန်ခြင်းကို တားမြစ်ရန် အဆိုပြုချက်” တွင် ပညာရေးဝန်ကြီးဌာန ကဘောလုံးကဲ့သိုသောတက္ကသိုလ် အားကစားများကို မြှင့်တင်ရန် ကျောင်းများကို တိုက်တွန်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly