တိုက်ကြီးမြို့က စစ်မှုထမ်းဟောင်း၏ ဇနီးနှင့်သား သေနတ်ဖြင့် ပစ်ခတ်ခံရ

တိုက်ကြီးမြို့က စစ်မှုထမ်းဟောင်း၏ ဇနီးနှင့်သား သေနတ်ဖြင့် ပစ်ခတ်ခံရ

အောက်တိုဘာ ၂၁

ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့၊ အမှတ်(၂) ရပ်ကွက် ဗန္ဓုလလမ်းတွင် နေထိုင်သူ စစ်မှုထမ်းဟောင်း ဦးစန်းဖေ၏ နေအိမ်သို့ ဆိုင်ကယ်စီး လူနှစ်ဦး ရောက်လာပြီး ၎င်း၏ ဇနီးနှင့် သားအား သေနတ်ဖြင့် ပစ်ခတ်သွားကြောင်း ပေါက်ကြားလာသည့် စစ်ကောင်စီတပ်၏ လုံခြုံရေးအစီရင်ခံစာမှ သိရသည်။

အဆိုပါပစ်ခတ်မှုသည် အောက်တိုဘာ ၂၀ရက် ည ၈နာရီ မိနစ် ၃၀ အချိန်တွင် ဖြစ်ပွားခဲ့ပြီး ပစ်ခတ်သည့် အဖွဲ့ကိုမူ မသိရသေးဘဲ ပစ်ခတ်ခံရသူနှစ်ဦးမှာ ထိခိုက်ဒဏ်ရာရရှိသွားကြောင်း ယင်းအစီရင်ခံစာတွင် ရေးသားထားသည်။

ဦးစန်းဖေ၏ ဇနီးမှာ လက်မောင်းရှပ်ထိဒဏ်ရာ နှစ်ချက်၊ ပါးရှပ်ထိဒဏ်ရာ တစ်ချက်နှင့် သားဖြစ်သူမှာ ယာလက်ဖျံ ရှပ်ထိဒဏ်ရာ နှစ်ချက်နှင့် ရင်အုံရှပ်ထိ ဒဏ်ရာ တစ်ချက် ရရှိခဲ့ကြောင်း ကနဦးသတင်း တင်ပြအပ်ပါသည်ဟု အဆိုပါအစီရင်ခံစာတွင် ရေးသားထားသည်။

လက်ရှိတွင် ၎င်းတို့ နှစ်ဦးအား အဖျောက်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

ဖြစ်စဉ်ဖြစ်ပွားသည့်နေရာတွင် ကျည်ဆန်ခွံ ရှစ်ခု၊ ကျည်တောင့် တစ်ထောင့် တွေ့ရှိကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly