ဖိလစ်ပိုင် သဘာဝဘေးအတွက် ကမ္ဘာ့ဘဏ်က ဒေါ်လာ သန်း ၅၀၀ ထုတ်ချေး

ဖိလစ်ပိုင် သဘာဝဘေးအတွက် ကမ္ဘာ့ဘဏ်က ဒေါ်လာ သန်း ၅၀၀ ထုတ်ချေး

မနီလာ၊ ဒီဇင်ဘာ ၂၃ ။         ။ ဖိလစ်ပိုင်နိုင်ငံ ကြုံတွေ့နေသည့် သဘာဝဘေး ဖြေရှင်းနိုင်ရေးကို ကူညီရန် ကမ္ဘာ့ဘဏ်က အမေရိကန်ဒေါ်လာ သန်း ၅၀၀ ထုတ်ချေးမည်ဟု အတည်ပြုခဲ့သည်။ ဖိလစ်ပိုင် သမ္မတ၏ သဘာဝကပ်ဘေးအခြေအနေ ကြေညာချက်အရ ယခုချေးငွေသစ်ကို ရရှိမည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ထုတ်ပြန်ခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံအနေဖြင့် အသေအပျောက် အဆုံးအရှုံးအများဆုံးဖြစ်ရသည့် တိုင်ဖုန်းမုန်တိုင်းအပါအဝင် သဘာဘေးများကြောင့် နှစ်စဉ် လူပေါင်း ၁၀၀၀ ကျော်ထက်မနည်း ပျမ်းမျှသေဆုံးနေရသည်။   နိုင်ငံအနေဖြင့် ငလျင်ဒဏ်နှင့် မီးတောင်ပေါက်ကွဲမှုများကိုလည်း ကြုံတွေ့ရတတ်သည့် နိုင်ငံဖြစ်သည်။

"သဘာဝဘေးတွေကြောင့် ဘဏ္ဍာရေးချည့်နဲ့စေတာကြောင့် ဖွံ့ဖြိုးမှုကို လှိုက်စားနေတော့တာပါပဲ။ နောက်ပြီး ဆင်းရဲမွဲတေမှု လျှော့ချရေးအတွက်လည်း ရှေ့မလှမ်းနိုင်အောင် ဖြစ်ရတာပဲ။"ဟု ဖိလစ်ပိုင် ဘဏ္ဍာရေးအတွင်းဝန် ဆီဆာပါရီစီမာက ပြောသည်။

ဖိလစ်ပိုင်တွင် ကုန်းတွင်းပိုင်းသို့ ဝင်ရောက်တိုက်ခတ်သည့် မုန်တိုင်းများအနက် အားအပြင်းဆုံးဖြစ်သည့် စူပါတိုင်ဖုန်းမုန်တိုင်း ဟိုင်ယန် ၂၀၁၃ ခုနှစ် နိုဝင်ဘာအတွင်းက တိုက်ခတ်ခဲ့ရာ တွင် လူပေါင်း သေကျေပျောက်ဆုံးမှုမှာ ၇၃၅၀ ကျော်အထိ ရှိခဲ့သည်။

ယခုလအတွင်း၌လည်း မယ်လာတိုင်ဖုန်းမုန်တိုင်းနှင့် အွန်ကော့လေဖိအားနည်းရပ်ဝန်းတို့ ဝင်ရောက်ခဲ့၍ နောက်ဆက်တွဲ ရေကြီးမှုများ ကြုံတွေ့ရလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly