ဒေါ်လာ ၆ ဘီလျံထပ်တိုး ထုတ်ပေးမှုအတွက် ပါကစ္စတန်က IMF နှင့် သဘောတူညီချက် မရရှိသေး

ဒေါ်လာ ၆ ဘီလျံထပ်တိုး ထုတ်ပေးမှုအတွက် ပါကစ္စတန်က IMF နှင့် သဘောတူညီချက် မရရှိသေး

စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ မူဝါဒများ နားလည်မှုစာချွန်လွှာ (MEFP ) အတွက် သဘောတူညီချက်အပေါ် ညှိနှိုင်း ဆွေးနွေးမှု တိုးတက်ခြင်း မရှိသေးသေးသောကြောင့် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) နှင့် ပါကစ္စတန်တို့အကြား အမေရိကန်ဒေါ်လာ ၆ ဘီလျံ ထပ်တိုး ငွေကြေးပံ့ပိုးမှုအစီအစဉ် (EFF) အောက်ရှိ အောက်ခြေအဆင့် သဘောတူညီချက်ကို မရရှိသေးကြောင်း ပြည်တွင်းမီဒီယာများတွင် ဖော်ပြသည်။

EFF အစီအစဉ်သည် အချိန်မီ ငွေကြေးပြန်လည်မပေးဆပ်နို်ငသေးသည့် နိုင်ငံများတွင် ကြုံတွေ့နေရသည့် အခက်အခဲများအတွက် IMF ၏ ကူညီပံ့ပိုးမှုဖြစ်သည်။ ပါကစ္စတန်အစိုးရက ၎င်း၏ ဘဏ္ဍာရေးဝန်ကြီးဌာန အတွင်းဝန်ကို ဝါရှင်တန်ဒီစီတွင် နောက်ထပ်ရက်အနည်းငယ် ဆက်လက်နေထိုင်ပြီး MEFP အတွက်

ဆွေးနွေးညှိနှိုင်း သဘောတူညီချက် ရရှိရန်နှင့် EFF အစီအစဉ်အစိတ်အပိုင်းဖြစ်သည့် ဒေါ်လာ ၁ ဘီလျံအတွက် ခွင့်ပြုချက်ရရှိရန် ၆ ကြိမ်နှင့် ၇ ကြိမ်မြောက် ပြန်လည်သုံးသပ်ချက် အဆုံးသတ်ရေးကို လုပ်ဆောင်လျက်ရှိသည်။

MEFP စာချွန်လွှာပါ အသေးစား စီးပွားရေးကဏ္ဍမူဘောင်နှင့် ပတ်သက်၍ ပါကစ္စတန်၏ ဆောင်ရွက်ချက်များကို IMF က ကျေနပ်အားရခြင်း မရှိသေးသလို ပါကစ္စတန်အစိုးရက အခြေခံအခွန်အကောက်အဖြစ် လျှပ်စစ် ၁ ယူနစ်လျှင် ၁ ဒသမ ၃၉ ရင်းဂစ်၊ ရေနံဈေးနှုန်း၁၀ ဒသမ ၄၉ ရင်းဂစ်နှင့် ဒီဇယ်ဈေးနှုန်း ၁၂ ဒသမ ၄၄ ရင်းဂစ် အသီးသီး တိုးမြှင့်လိုက်သော်လည်း သဘောတူညီချက် မရရှိသေးပေ။ IMF ၏ အကူအညီပေးရေးအစီအစဉ် ဆက်လက် ဆောင်ရွက်နိုင်ရန် တောင်းဆိုချက်အတိုင်း တိုးမြှင့်သတ်မှတ်ခြင်း ဖြစ်ပြီး အဆိုပါနှုန်းများသည် နိုဝင်ဘာလတွင် စတင်အသက်ဝင်မည်ဖြစ်ကာ လာမည့်ဘဏ္ဍာနှစ်အကုန် ၂၀၂၂ ခုနှစ်၊ ဇွန်လအထိ ဆက်လက်ရှိနေမည်ဟု The News သတင်းဌာနက ဖော်ပြထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly