တရုတ် စီးပွားရေးသည် ထိုးနှက်မှုမျိုးစုံနှင့် ကြုံနေရ

တရုတ် စီးပွားရေးသည် ထိုးနှက်မှုမျိုးစုံနှင့် ကြုံနေရ

တရုတ်တွင် အိမ်ခြံမြေဈေးကွက်ကို ဖိနှိပ်ခြင်း၊ စွမ်းအင်အကျပ်အတည်း၊ ဗိုင်းရပ်ထိန်းချုပ်မှု အခက်အခဲ များနှင့် ကုန်ပစ္စည်းဈေးနှုန်းမြင့်တက်ခြင်းများကြောင့် တရုတ် စီးပွားရေးသည် ဘက်ပေါင်းစုံမှ ထိခိုက်မှုများနှင့် ရင်ဆိုင်နေရသည်။

အောက်တိုဘာ ၁၈ရက်တွင် ကျရောက်မည့် တတိယ ၃လပတ် စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုတွင် စုပေါင်းအကျိုးသက်ရောက်မှုကို ဖော်ပြမည်ဖြစ်ပြီး ပြီးခဲ့သည့် ၃ လပတ်တွင် ခန့်မှန်းတိုးတက်မှုနှုန်းသည် ၇ ဒသမ ၉ ရာခိုင်နှုန်း မှ ၅ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့သည်။

တစ်နေ့တည်းထွက်လာမည့် လစဉ်စက်မှုနှင့် ရင်းနှီးမြှုပ်နှံမှုအချက်အလက်များကလည်း ယင်းပုံရိပ်ကို နောက်ထပ်ဖော်ပြလိမ့်မည်ဖြစ်ပြီး စက်တင်ဘာလက လျှပ်စစ်ဓာတ်အားပြတ်တောက်မှု မည်မျှဆိုးရွားကြောင်းကို ဖော်ပြလိမ့်မည်ဖြစ်သည်။

တရုတ်၏ စီးပွားရေးကျဆင်းမှုသည် အာရှနှင့် ကမ္ဘာတစ်ဝန်းလုံးကို ရိုက်ခတ်သွားမည်ဖြစ်ပြီး တိုင်းပြည် တည်ဆောက်ရေး လုပ်ငန်းများအပေါ်မှီခိုနေသောသံမဏိနှင့် သံရိုင်းကဲ့သို့သော ကုန်စည်ဈေးကွက်များကို ရိုက်ခတ်လိမ့်မည် ဖြစ်သည်။

ဘဏ္ဍာရေးဈေးကွက်အန္တရာယ်များကို ကိုင်တွယ်ရန် ပိုမိုကျယ်ပြန့်သော ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းအဖြစ် တရုတ်အစိုးရက အိမ်ခြံမြေဈေးကွက်အား ချုပ်ကိုင်မှုတင်းကျပ်လာသဖြင့် အိမ်ခြံမြေအရောင်းနှင့် ဈေးနှုန်းများကျဆင်းနေပြီဖြစ်သည်။

တစ်ချိန်တည်းမှာပင် စက်တင်ဘာလ ဓာတ်အားပြတ်တောက်မှုသည် စက်ရုံထုတ်လုပ်မှုကို ရပ်တန့်စေပြီး ခရစ္စမတ်အတွက် ကြိုတင် ပို့ကုန်အမှာစာများရရှိမှုကြောင့် ကဏ္ဍတစ်ချို့တွင် ကောင်းမွန်နိုင်သော်လည်း ဝယ်ယူရေးမန်နေဂျာများအညွှန်းကိန်းများသည် လျော့ကျခြင်းက ကပ်ရောဂါစတင်ပြီးနောက်ပိုင်း ထုတ်လုပ်မှုကဏ္ဍတွင် ပထမဆုံးအကြိမ် စီးပွားရေးကျဆင်းခြင်း ဖြစ်သည်။

တရုတ်အစိုးရ ရည်မှန်းထားသည့် တစ်နှစ်လုံးအတွက် အလတ်အလတ် တိုးတက်မှုနှုန်း ၆ ရာခိုင်နှုန်းထက်ကျော်လွန်နေဖွယ်ရှိသောကြောင့် အာဏာပိုင်များအနေဖြင့် လှုံ့ဆော်ရေးအစီအစဉ်များကို အလျင်စလိုမလုပ်နိုင်ပေ။

ဝန်ကြီးချုပ်လီခါ့ချင်က အောက်တိုဘာ ၁၄ ရက် မိန့်ခွန်းတွင် ယုံကြည်ချက်ရှိကြောင်း မှတ်ချက်ပြုခဲ့ပြီး တရုတ်သည် ဆိုးရွားသောရေလွှမ်းမိုးမှုနှင့် ရှုပ်ထွေးသော နိုင်ငံတကာပတ်ဝန်းကျင်အခြေအနေများ အပါအဝင်စိန်ခေါ်မှုများကို ကျော်လွှားနိုင်ခဲ့သည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly