လျှပ်စစ်ဓာတ်အား ဖြတ်တောက်၍ ရာသီဥတုပြောင်းလဲမှုလျှော့ချရေး အစီအစဉ်ကြောင့် တရုတ်၏ တိုးတက်မှု အဟန့်အတားဖြစ်နိုင်

လျှပ်စစ်ဓာတ်အား ဖြတ်တောက်၍ ရာသီဥတုပြောင်းလဲမှုလျှော့ချရေး အစီအစဉ်ကြောင့် တရုတ်၏ တိုးတက်မှု အဟန့်အတားဖြစ်နိုင်

တရုတ်နိုင်ငံသည် ၁၉၈၀ ပြည့်နှစ်များနောက်ပိုင်း အဆိုးရွားဆုံးဖြစ်သည့် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုနှင့် ကြုံတွေ့နေရပြီး နေအိမ်များနှင့် စက်မှုလက်မှုလုပ်ငန်းများကို လျှပ်စစ်ဓာတ်အားဖြတ်တောက်ခြင်းသည် ကိုဗစ်-၁၉ နောက်ပိုင်း တိုင်းပြည်၏ စီးပွားရေးတိုးတက်မှုနှင့် ထုတ်လုပ်ရေး ကွင်းဆက်များကို အန္တရာယ်ဖြစ် စေသော ကိစ္စရပ်တစ်ခုဖြစ်သည်ဟု မီဒီယာသတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

လျှပ်စစ်ဓာတ်အားဖြတ်တောက်မှုများသည် Apple နှင့် Tesla ကဲ့သို့သော ကမ္ဘာ့နည်းပညာကုမ္ပဏီကြီးများသို့ ပစ္စည်းပေးသွင်းသူများကို ထိခိုက်စေသည်။

စက်တင်ဘာလတွင် စက်ရုံလည်ပတ်မှုများသည် ၄၄ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပြီး ကူးစက်ရောဂါ အပြင်းထန် ဆုံးခံစားခဲ့ရသော ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ နောက်ပိုင်း အနိမ့်ဆုံးသို့ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း Portal Plus သတင်းဝက်ဘ်ဆိုက်တစ်ခုက ဖော်ပြခဲ့သည်။

ယခုအခါ တရုတ်စီးပွားရေးတိုးတက်မှု ကျဆင်းနှုန်းသည် ၈ ဒသမ ၂ ရာခိုင်နှုန်းမှ ၇ ဒသမ ၈ ရာခိုင်နှုန်းသို့ ရောက်ရှိနိုင်သည် ဟု ကမ္ဘာလုံးဆိုင်ရာရင်းနှီးမြှုပ်နှံမှုဘဏ်များက လျှော့ချခန့်မှန်းလိုက်သည်။

ယခုနှစ်ဆောင်းရာသီအတွက် ကုန်ထုတ်လုပ်ရေးအတွက် လိုအပ်သည့်ပစ္စည်းများအားလုံးကို ရနိုင်သမျှနည်းလမ်းဖြင့် ဝယ်ယူရန် တရုတ်အစိုးရတာဝန်ရှိသူများက အစိုးရပိုင်ထိပ်တန်းစွမ်းအင်ကုမ္ပဏီများကို အမိန့်ပေးထားပြီး ထိုသို့ မလုပ်ဆောင်ပါက အကျိုးဆက်ကို ကြုံတွေ့ရမည်ဟု Portal Plus က ဖော်ပြခဲ့သည်။

သံမဏိထုတ်လုပ်ခြင်း၊ အလူမီနီယမ်အရည်ကျိုခြင်း၊ ဘိလပ်မြေထုတ်လုပ်ခြင်းနှင့် ဓာတ်မြေသြဇာထုတ်လုပ် ခြင်းကဲ့သို့သော လျှပ်စစ်ဓာတ်အားအများအပြားသုံးစွဲသည့် စက်မှုလုပ်ငန်း အပါအဝင် စီးပွားရေးလုပ်ငန်း ပေါင်းစုံသည် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုကြောင့် များစွာ ထိခိုက်နစ်နာမှုများရှိနေသည်။

ကုန်ထုတ်လုပ်မှု အဓိက ဒေသများရှိ ကုမ္ပဏီများကို လျှပ်စစ်ဓာတ်အားသုံးစွဲမှု အမြင့်ဆုံးကာလတွင် စွမ်းအင် အသုံးပြုမှုကိုလျှော့ချရန်နှင့် လုပ်ငန်းလည်ပတ်ရသည့် ရက်များကို ကန့်သတ်ရန် အစိုးရက တောင်းဆိုထားသော်လည်း တရုတ်နို်ငငံဖွံ့ဖြိုးရေး အစီအစဉ်ရေးကို ရေးဆွဲသည့် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင် (NDRC) ကလျှပ်စစ်ဓာတ်အားထုတ်လုပ်သော ကုမ္ပဏီများအား ပိုမိုထုတ်လုပ်ရန်နှင့် လျှပ်စစ်ဓာတ်အား ခွဲတမ်းစနစ်ကို အချိန်ပိုပေးရန် တောင်းဆိုခြင်းဖြင့်အကျပ်အတည်းကို ဖြေရှင်းရန် ရည်ရွယ်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly