လာအိုလယ်သမားများက တရုတ်တို့ကို လယ်မြေငှားရန် မလိုလား

By The Singapore Post
20 October 2021
လာအိုလယ်သမားများက တရုတ်တို့ကို လယ်မြေငှားရန် မလိုလား

လာအိုနိုင်ငံတွင် စိုက်ပျိုးရာသီမဟုတ်ချိန်၌ တရုတ်လယ်သမားများကို မြေယာများငှားခဲ့ကြသော်လည်း ယခုအခါ လာအိုပြည်သူများက ထိုကာလတွင် ၎င်းတို့လယ်ယာမြေများအား တရုတ်တောင်သူများကို ယင်းကာလတွင် မငှားရန် ဒေသအစိုးရအားတိုက်တွန်းလျက်ရှိသည်။

NAMPheung ကုမ္ပဏီသည် Ngeun ခရိုင်ရှိ မြေဟက်တာအနည်းဆုံး ၁၈၀အား တရုတ်လယ်သမားများကို အငှားချကြစဉ် ထိုသို့ ကန့်ကွက်လာခြင်းဖြစ်သည်။ တရုတ်လယ်သမားများသည် ဒီဇင်ဘာမှ ဧပြီလအထိ ဆိုပါလယ်မြေပေါ်တွင် ဖရဲသီးများစိုက်ပျိုးကာ စပါးစိုက်ပျိုးရေး ရာသီမတိုင်မီ လယ်သမားများအား လယ်ပြန်ပေးကြသည်ဟု Radio Free Asiaကဖော်ပြသည်။

“မြေတွေက ပျက်စီးသွားတယ်။ စပါးမစိုက်မီ ကျွန်တော်တို့ကိုမြေပြန်ပေးတဲ့အခါ အထွက်နှုန်းတွေကကျပြီး အရည်အသွေးလည်း နည်းလာတယ်” ဟုတောင်သူတစ်ဦးကအသိပေးသည်။

“တရုတ် မြေငှားတွေက မြေကြီးကို အရမ်းနက်နက်တူးတော့ လယ်သမားတွေက မစိုက်ခင်မှာ မြေကိုပြန်ဖြည့်ရတယ်။ ငွေအားနဲ့အချိန်တ ွေကုန်တာပေါ့ဗျာ။ ရွာသားတွေက တရုတ်လူမျိုးတွေကို မြေမငှားချင်ကြဘူး” ဟုရွာသားတစ်ဦးကဆိုသည်။

ထိုအချိန် အတောအတွင်း တရုတ်ကုမ္ပဏီအလုပ်သမားများသည် တစ်ခါတရံခြံမွေးတိရစ္ဆာန်များအပါအဝင် ရွာသားများ၏ ပိုင်ဆိုင်မှုများကို ခိုးကြကြောင်းနှင့် လယ်မြေအတော်များများသည် အိမ်သာများနှင့် ဝေးသောကြောင့် တရုတ်အလုပ်သမားများက မည်သည့်နေရာတွင် ဖြစ်စေ အညစ်အကြေးစွန့်သွား ကြကြောင်း တရုတ်ဖရဲခင်းများတွင် အလုပ်လုပ်သော အခြားပြည်နယ်မှ အလုပ်သမားများကပြောကြသည်။

ထို့အပြင် တရုတ်လယ်သမားများသည် လာအိုရှိနောက်ထပ် ခရိုင် ၃ ခုတွင်လည်း မြေများငှားထားကြသေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly