ကိုဗစ်ကူးစက်မှု မြင့်တက်လာသည့် ရှင်ကျန်းဒေသ ဂူလ်ဂျာမြို့တွင် အသွားအလာပိတ်ဆို့မှုများ ချမှတ်ထား

ကိုဗစ်ကူးစက်မှု မြင့်တက်လာသည့် ရှင်ကျန်းဒေသ ဂူလ်ဂျာမြို့တွင် အသွားအလာပိတ်ဆို့မှုများ ချမှတ်ထား

တရုတ်နိုင်ငံ ရှင်ကျန်းပြည်နယ် ဂူလ်ဂျာမြို့တွင် ကိုဗစ်-၁၉ ကူးစက်မှု မြင့်တက်လာခြင်းကို ထိန်းချုပ်သည့်အနေဖြင့် အာဏာပိုင်များက အသွားအလာထိန်းချုပ်မှုနှင့် အခြားကန့်သတ်မှတ်ချက်များကို ချမှတ်လိုက်ခြင်းကြောင့် ဒေသတွင်းရှိ ဝီဂါလူမျိုးများအတွက် အခြေခံလိုအပ်ချက်မျာ ရရှိရေးတွင် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိသည်။

နိုင်ငံမြောက်ဖျားပိုင်း ရှင်ကျန်းပြည်နယ်၏ ဂူလ်ဂျာမြို့တွင် နေထိုင်သူများက အခက်အခဲများကို လူမှုမီဒီယာများတွင် ဖော်ပြခဲ့ကြရာတွင် အာဏာပိုင်များက အိမ်ထောင်ဦးစီးများကို ဖမ်းဆီးပြီး ထိန်းသိမ်းရေးစခန်းများတွင် ဖမ်းဆီးထိန်းသိမ်းထားမှုစနစ်ကြောင့် မိသားစုများစွာ ပျက်စီးခဲ့ရသည့်အပြင် ကိုဗစ်-၁၉ ထိန်းချုပ်မှုများကြောင့် ပိုမိုအခက်ကြုံမည်ကို စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်ဟု Radio Free Asia က ဖော်ပြသည်။

တံခါးများကို အပြင်ဘက်မှ သော့ခတ်ထားပြီး နေအိမ်များတွင် ပိတ်မိနေသည်မှာ အနည်းဆုံး ရက်သတ္တပတ် ၁ ပတ်ခန့်ရှိပြီဖြစ်ကြောင်း ဂူလ်ဂျာမြို့ခံများက ပြောကြားခဲ့သည်။

“ တံခါးတွေ သော့ခတ်ပြီး၊ အလုံပိတ်ထားတယ်။ အပြင်မထွက်ရဘဲ အိမ်ထဲမှာနေရပါတယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။

တစ်ချိန်တည်းမှာပင် တရုတ်အာဏာပိုင်များက ရုတ်တရက် အသွားအလာကန့်သတ်မှုများကြောင့် ပြင်ပသို့ ထွက်ပြီး အစားအစာများဝယ်ယူရန်အခက်အခဲဖြစ်စေသည်ဟု Radio Free Asia က ဖော်ပြခဲ့သည်။

“အောက်တိုဘာလ ၃ ရက်က စပြီး နေအိမ်တွေမှာ ပိတ်မိနေတဲ့ ဂူလ်ဂျာမြို့သားတွေ ရဲရင့်ကြပါ။ အထူးသဖြင့် နေ့စားလုပ်သားတွေပါ။ စိတ်ရှည်ကြပါ၊ အရာရာကို စဉ်းစားဆင်ခြင်မှု ရှိရပါမယ်” ဟု လူမျိုးတစ်ဦးက လူမှုမီဒီယာတွင် ရေးသားခဲ့သည်။

လွန်ခဲ့သော သီတင်းပတ်များက ဖူကျန့်ပြည်နယ်တွင် ကိုဗစ် -၁၉ ရောဂါ ၁၅၀ ကျော်ဖြစ်ပွားပြီးနောက် ကူးစက်ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးအစီအမံများ ပိုမိုတင်းကျပ်ရန် အာဏာပိုင်များက မြို့အများအပြားရှိ ကျောင်းများကို ပိတ်ပစ်လိုက်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly