ထောင်ဒဏ်သက်တမ်းပြည့်သွားသည့် ဝီဂါတစ်ဦးကို တရုတ်အာဏာပိုင်များက ပြန်လွှတ်ပေးခြင်း မရှိသေး

ထောင်ဒဏ်သက်တမ်းပြည့်သွားသည့် ဝီဂါတစ်ဦးကို တရုတ်အာဏာပိုင်များက ပြန်လွှတ်ပေးခြင်း မရှိသေး

ဝီဂါလူနည်းစုအသိုင်းအဝိုင်းမှ အမျိုးသားတစ်ဦးသည် ထောင်ဒဏ်သက်တမ်းပြည့်သွားသော်လည်း တရုတ် အာဏာပိုင်များက ပြန်လွှတ်ပေးခြင်းမရှိသေးသလို ၎င်းအား မည်သည့်နေရာတွင်ထားရှိသည်ကိုလည်း မိသားစုများက မသိရပေ။

တရုတ်ပြည် ရှင်ကျန်းဒေသမှ ဖြစ်ကြောင်း အိုင်ဟမ် အိုင်မင်ဂျန်သည် မယ်မယ်ရရ စွဲချက်မရှိဘဲ ထောင်ဒဏ် ၁၅ နှစ် ကျခံပြီးနောက် ဇွန်လ ၂၂ ရက်တွင် ပြန်လွတ်လာရမည်ဖြစ်သည်။ သား ၅ ယောက်ရှိသော မိသားစုတွင် ၎င်းသည် ဒုတိယမြောက် အကြီးဆုံးဖြစ်ပြီး အာဏာပိုင်များက ၎င်းတို့ မိသားစုမှ သား ၄ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

"မိသားစုက ဇွန်လ ၂၂ ရက်မှာ အိမ်ပြန်လာဖို့မျှော်လင့်ထားပေမယ့် သူပြန်မလာခဲ့သလို ထောင်ဒဏ်သက်တမ်း တိုးတာနဲ့ ပတ်သက်လို့ ဘာအကြောင်းကြားစာမှမရရှိခဲ့ပါဘူး" ဟု သတင်းရင်းမြစ်တစ်ဦးက RFA သို့ ပြောကြားခဲ့သည်။

အိုင်ဟမ် အိုင်မင်ဂျန်သည် ထောင်ကျစဉ်တွင် အသက် ၂၁ နှစ်သာရှိသေးသည်။ သူ၏ အရွယ်ကောင်း ကာလ တစ်လျှောက်လုံး ထောင်ထဲတွင် အချိန်ကုန်ခဲ့ရပြီး ပြန်လွတ်လာသည်နှင့် မင်္ဂဆောင်ပေးရန် မိသားစုက စီစဉ်ခဲ့သည်ဟု ရင်းမြစ်က ပြောကြားသည်။

တရုတ်အစိုးရအုပ်ချုပ်မှုအောက်ရှိ ရှင်ကျန်းဝီဂါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (XUAR) တွင် ဝီဂါများသည် ခွဲခြားဆက်ဆံခံနေရပြီး တရုတ်အာဏာပိုင်များက ဘာသာရေးအလေ့အထများနှင့် ဝီဂါဘာသာစကား အသုံးပြုမှုကို ကန့်သတ်ရန် ကြိုးစားနေသည်။

၂၀၁၇ ခုနှစ်မှစ၍ ဝီဂါနှင့် အခြားမွတ်စလင်လူနည်းစု ၁ ဒသမ ၈ သန်းခန့်ကို ထိန်းသိမ်းရေးစခန်းများတွင် ဖမ်းဆီးထိန်းသိမ်းခြင်းကို RFA မှ သတင်းဖော်ပြခဲ့သည်။

ထိန်းသိမ်းရေးစခန်းများသို့ အစုလိုက်အပြုံလိုက် စေလွှတ်ခြင်း၊ ဘာသာရေးလုပ်ငန်းများကို ဝင်ရောက် စွက်ဖက်ခြင်း၊ အဓမ္မလုပ်အားခိုင်းစေမှုများအပါအဝင် ရှင်ကျန်းရှိ ဝီဂါမွတ်စလင်များကို ဖိနှိပ်မှုများကြောင့် တရုတ်ကို တစ်ကမ္ဘာလုံးက ပြစ်တင်ရှုတ်ချထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly