မီဒီယာလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံမှုမပြုလုပ်ရန် တရုတ်သမ္မတရှီကျင့်ဖျင်ပြော

မီဒီယာလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံမှုမပြုလုပ်ရန် တရုတ်သမ္မတရှီကျင့်ဖျင်ပြော

တရုတ်သည် မီဒီယာများကိုထိန်းချုပ်ရန်အတွက် နိုင်ငံအတွင်းမီဒီယာလုပ်ငန်း၌ ရင်းနှီးမြှုပ်နှံခြင်းကို တားမြစ်လိုက်သည်။

တရုတ်ကွန်မြူနစ်ပါတီ (CCP ) ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည့် လုပ်ငန်းစဉ်များအရ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင် (SDRC) က မီဒီယာအဖွဲ့အစည်းများ၌ ပုဂ္ဂလိက ကဏ္ဍရင်းနှီးမြှုပ်နှံခြင်းကို တားမြစ်ထားသော ရင်းနှီးမြှုပ်နှံမှု စာရင်းထဲသို့ ထည့်သွင်းလိုက်သည့်အပေါ်

ပြည်သူ့သဘောထားအမြင်ကိုတောင်းခံပါသည်ဟု သတင်းထုတ်ပြန်ထားကြောင်း Radio Free Asia ကဖော်ပြခဲ့သည်။

“အစိုးရက သူတို့ရဲ့ သတင်း ထုတ်ပြန်ချက်တွေကို ထိန်းချုပ်ပြီး သူ့ကလောင်ကို တခြားဘယ်သူ့ကိုမှ လွှဲမပေးရအောင် လုပ်နေတာပါ။ အရာရာကိုစိုးမိုးဖို့ ခြယ်လှယ်တဲ့ အသံလိုချင်နေတာပါ” ဟုရှန်ရှီးတက္ကသိုလ်မှ အငြိမ်းစားကထိကတစ်ဦးကပြောသည်။

ညွှန်ကြားချက်တွင် “ပြည်သူပိုင်ကဏ္ဍရင်းနှီးမြှုပ်နှံမှုမရှိသောအဖွဲ့အစည်းများသည် သတင်းစုဆောင်းခြင်း၊ တည်းဖြတ်ခြင်းနှင့် ရုပ်သံလွှင့်ခြင်းဆိုင်ရာလုပ်ငန်းများတွင် ပတ်သက်ခြင်းမပြုရ” ဟုဖော်ပြထားသည်။

ယခုညွှန်ကြားချက်သည်သတင်းအေဂျင်စီများ၊သတင်းစာဖြန့်ချိရေးအဖွဲ့များ၊ရေဒီယိုသို့မဟုတ်ရုပ်မြင်သံကြားထုတ်လွှင့်သူများနှင့်အွန်လိုင်းသတင်း၊တည်းဖြတ်ဝန်ဆောင်မှုများသို့မဟုတ် ထုတ်ဝေသူများကို ပံ့ပိုးပေးသူများ၌ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုကို တားမြစ်ရန် ရည်ရွယ်သည်။

တရုတ်သည် မီဒီယာအပြင်နိုင်ငံရေး၊စီးပွားရေး၊စစ်ရေးသို့မဟုတ် သံတမန်ရေးအဖွဲ့အစည်းများအပါအဝင် နယ်ပယ်အသီးသီး၌ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုများကို ပိတ်ပင်ထားကြောင်းRadio Free Asia ကဖော်ပြသည်။

တစ်ချိန်တည်းမှာပင် တရုတ်သည်ကမ္ဘာလုံးဆိုင်ရာ၎င်းတို့ ပုံရိပ်ကို မြှင့်တင်နိုင်ရေး မီဒီယာလွှမ်းခြုံမှုကို ဩဇာသက်ရောက်ရန်လည်း သိသိသာသာအားထုတ်ခဲ့သည်။

တရုတ်သည် ဩဇာအာဏာမြဲမြံရေးနှင့် နိုင်ငံတကာဆွေးနွေးပြောဆိုချက်များတွင် ၎င်း၏လုပ်ရပ်များကို ပုံရိပ်မြှင့်တင်ရန် မီဒီယာကိုအရေးကြီးသော ကိရိယာတစ်ခုအဖြစ် အသုံးပြုနေခဲ့သည်။ တရုတ်သည်နေရပ်စွန့်ခွါသူ၎င်းတို့လူမျိုးများအားမျက်ခြည်မပြတ်စောင့်ကြည့်ရင်းပြည်တွင်းမီဒီယာကို စိစစ်ဖြတ်တောက်နေကာ ပညာရှင်များ၊ ဂျာနယ်လစ်များနှင့်ပြည်ပမှ ကျွမ်းကျင်သူများကို ငွေကြေးထောက်ပံ့ထားသည်ဟုThe HK Post ကဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required