" ကျွန်တော်တို့ စခန်းမှာ အလံသုံးလံထောင်ထားတယ်။ ပထမအလံက ကရင်အလံ ၊ ဒုတိယအလံက PDF အလံ ၊ တတိယအလံက ကျောင်းသားသမဂ္ဂ ခွပ်ဒေါင်းအလံတွေပေါ့။ အဲဒီအလံတွေက စခန်းမှာစိုက်ထားပေမယ့် တစ်ချိန်မှာ မြို့ပေါ်မှာ၊ ပြည်သူလူထုကြားမှာ ပြန်ပြီး လွှင့်ထူနေမယ့်အလံတွေဖြစ်တယ်၊ အောင်ပွဲနဲ့အတူ ရောက်လာမယ့်အလံတွေဖြစ်ဖို့နဲ့ ကျွန်တော်တို့တွေ ပြန်လာနိုင်ဖို့ မိဘပြည်သူတွေက ကူညီဆောင်ရွက်ကြပါ"
NUG ၏ ပြည်သူ့ကာကွယ်ရေးတပ် (PDF) သင်တန်းတစ်ခုကို တာဝန်ယူဆောင်ရွက်ပေးနေသည့် တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (တ.က.သ) ကျောင်းသားဟောင်းများ အင်အားစုမှ ကိုဇေယျာလွင်ကို မဇ္ဈိမမှ ဆက်သွယ်မေးမြန်းထားသည်။