ချင်းတောင်ပေါ်တွင် စစ်ကောင်စီတပ်ကား၉ စီး ဖျက်စီးခံရ

ချင်းတောင်ပေါ်တွင် စစ်ကောင်စီတပ်ကား၉ စီး ဖျက်စီးခံရ

ဖလမ်း၊အောက်တိုဘာ -၁၈

ချင်းပြည်နယ် ဟားခါးမြို့နှင့် ဖလမ်းမြို့ကြား စစ်ကောင်စီတပ်ကားကိုးစီးကို ယမန်နေ့ညက ဗုံးခွဲဖျက်စီးနိုင်ခဲ့ကြောင်း ချင်းတော်လှန်ရေးတပ်မဟာမိတ် ကပြောသည်။

တာလ်ကျေးရွာအနီး တွင် စခန်းချနေသည့် စစ်ကောင်စီတပ်ကားများကို ယမန်နေ့ (အောက်တိုဘာ ၁၇ ရက်)ညက ချင်းအမျိုးသားတပ်ဦး (CNF) ၊ ချင်းအမျိုးသားအဖွဲ့ချုပ် (CNDF) ၊ ချင်းအမျိုးသားကာကွယ်ရေး အင်အားစုအဖွဲ့ (CDF) ပူးပေါင်းတပ်ဖွဲ့က ဗုံးခွဲခဲ့ခြင်းဖြစ်သည်ဟု ပြောသည်။

''ကျွန်တော်တို့လက်လုပ်မိုင်းနဲ့ထောင်ခွဲတာ စစ်ကား ကိုးစီးပျက်စီးပြီး အရာရှိအပါအဝင်စစ်သားတော်တော်များများသေဆုံးတယ်ဆိုတာကိုတော့ အတည်ပြုနိုင်ပါတယ်။ ရာသီဉတုကလည်းမြူတွေဆိုင်းနေတယ်။ ဖုန်းလိုင်းတွေလည်းအဆင်မပြေတော့ အသေးစိတ်ကိုနောက်မှထုတ်ပြန်ပါ မယ်''ဟု ချင်းအမျိုးသားအဖွဲ့မှတာဝန်ရှိသူတစ်ဦးကပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၄ ရက်နေ့ကလည်း ဖလမ်းနှင့် ဟားခါးကြားတွင် စစ်ကောင်စီကား ခုနှစ်စီးကို CNF၊ CNDF နှင့် CDFပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ဖျက်စီးခဲ့ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly