မြန်မာ Squash ကစားသမားများ မလေးရှားဆီးဂိမ်းမှသာ ဆုတံဆိပ် မျှော်မှန်းနိုင်မည်

မြန်မာ Squash ကစားသမားများ မလေးရှားဆီးဂိမ်းမှသာ ဆုတံဆိပ် မျှော်မှန်းနိုင်မည်
နည်းပြ ဒီလန်းမှ ကစားသမားများအား ကြံ့ခိုင်ရေးပြုလုပ်ပေးနေစဉ်။ (ဓာတ်ပုံ - သောကြာ)

ဒုတိယအကြိမ်မြောက် အရှေ့တောင်အာရှ Squash ပြိုင်ပွဲကို မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် စီစဉ်ထားပြီး အဆိုပါပြိုင်ပွဲတွင် မြန်မာ Squash ကစားသမားများအနေဖြင့် ဆုတံဆိပ်ရရန် မလွယ်ကူသေးဘဲ လာမည့် ၂၀၁၇ မလေးရှား ဆီးဂိမ်းမှသာ ဆုတံဆိပ် မျှော်မှန်းနိုင်မည်ဟု နည်းပြ ဒီလန်းက မဇ္ဈိမသို့ ပြောသည်။

ဒုတိယအကြိမ်မြောက် အရှေ့ တောင်အာရှ Squash ချန်ပီယံရှစ်ပြိုင်ပွဲကို ဇန်နဝါရီလ ၁၁ ရက်မှ ၁၇ ရက်ထိ နေပြည်တော်တွင် ကျင်းပမည်ဖြစ်ပြီး အဆိုပါပြိုင်ပွဲသို့ အရှေ့တောင်အာရှနိုင်ငံ ခြောက်နိုင်ငံခန့် ဝင်ပြိုင်ဖွယ် ရှိနေသည်။

ဒုတိယအကြိမ်မြောက် အရှေ့တောင်အာရှ Squash ဝင်ပြိုင်မည့် မြန်မာ့လက်ရွေးစင် Squash အသင်းကို သြစတြေးလျနိုင်ငံသား နည်းပြ ဒီလန်းမှ စေတနာဖြင့် အခမဲ့ သင်ကြားပေးနေသည်။ ' အိမ်ရှင်လုပ်မယ့် ပြိုင်ပွဲမှာတော့ ဆုတံဆိပ်ရဖို့ မလွယ်ကူသေး ပါဘူး။ အခု တဖြည်းဖြည်းနဲ့ ပိုကောင်းလာပါပြီ။ အဓိက မျှော်မှန်းနိုင်တာတော့ လာမယ့် ဆီးဂိမ်းပါ။ လာမယ့် သုံးနှစ်အတွင်းမှာ ဆုတံဆိပ်ရဖို့ မျှော်မှန်းထားပါတယ်'ဟု နည်းပြ ဒီလန်းက မဇ္ဈိမသို့ ပြောသည်။ 

Squash ကစာနည်းသည် အင်္ဂလန်နိုင်ငံမှ စတင်ခဲ့သော ကစားနည်းဖြစ်ပြီး ကြက်တောင်ကစားနှင့် ဆင်တူသော ကစားနည်းဖြစ်သည်။ Squash ကစားနည်းတွင် တစ်ဦး ချင်း ပြိုင်ပွဲနှင့် နှစ်ယောက်တွဲ ပြိုင်ပွဲဟူ၍ အမျိုးအစား နှစ်မျိုးကွဲခြားထားသည်။  မြန်မာ့လက်ရွေးစင် Squash အားကစား အဖွဲ့သည် ၂၀၁၅ စင်ကာပူဆီးဂိမ်းပြိုင်ပွဲမှ စတင်ကာ နိုင်ငံတကာပြိုင်ပွဲ ဝင်ပြိုင်ခဲ့ပြီး စင်ကာပူဆီးဂိမ်းပြိုင်ပွဲတွင် ဆုတံဆိပ် ရယူနိုင်ခဲ့ခြင်း မရှိပေ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly