ပါကစ္စတန်အစိုးရ အုပ်ချုပ်ရေး ရပ်ဝန်း၏ အကျပ်အတည်းပြဿနာ

ပါကစ္စတန်အစိုးရ အုပ်ချုပ်ရေး ရပ်ဝန်း၏ အကျပ်အတည်းပြဿနာ

ပင်လယ်ထဲတွင် ရေအောက်ဗုံးတစ်လုံး ပေါက်ကွဲခဲ့သလို ဖြစ်သည်။ ရေမျက်နှာပြင်အထက်မှာတော့ ထုရိုက်သံတစ်ခုလို ပေါ်ထွက်ပြီးနောက် မိုးချုန်းသံမျိုးကြားရပြီး ရေလှိုင်းကြီးများသည် ကောင်းကင်ထိ ရောက်သလို မြင့်တက်သွားသည်။

ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း နာဝက်ဇ်ရှာရစ်ဖ်မိသားစုနှင့် ကမ်းလွန်ရေနံကုမ္ပဏီ ၈ ခုတို့အကြား ဆက်နွှယ်မှုကြောင်း ဝန်ကြီးချုပ်ဟောင်းကို အစိုးရတာဝန်မှ ထာဝရထုတ်ပယ်ခံခဲ့ရသာ Panama Papers ကိစ္စ ဖြစ်ပေါ်ပြီးနောက်ပိုင်း အ စိုးရအဖွဲ့အနေဖြင့် အကျပ်အတည်းတစ်ခုကို ပထမဆုံး ကြုံတွေ့ရခြင်း ဖြစ်သည်။ ထောက်လှမ်းရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ်သစ်တစ်ဦးကို ခန့်အပ်လိုက်သည်ဆိုသော ကိစ္စထက် ဝန်ကြီးချုပ်အီမရန်ခန်းက အဆိုပါ ခန့်အပ်မှုနှင့် ပတ်သက်၍ ထုတ်ပြန်ပေးရန် ငြင်းဆိုသည့်ဆိုသော သတင်းထွက်ပေါ်နေခြင်းက မယုံနိုင်စရာဖြစ်နေသည်။ ရက်ပေါင်းများစွာ ချီတုံချတုံ ဖြစ်နေခဲ့သော်လည်း ယင်းကိစ္စအား မည်ကဲ့သို့ ဖြေရှင်းမည်၊ ပြဿနာ ပြေလည်မည်လား သို့မဟုတ် မည်သူက ထောက်လှမ်းရေးအဖွဲ့၏ ဒုညွှန်ချုပ်ဖြစ်လာမည်ကို ရှင်းလင်းစွာ မသိရသေးပေ။ အဆိုပါကိစ္စသည် ကြိုတင်မခန့်မှန်းနိုင်သည့်ကိစ္စဖြစ်နေသည်။

အပေါ်ယံတွင် မမြင်ရသည့် တင်းမာမှုကို သိရှိသူ ယခုချိန်အထိ အနည်းငယ်သာရှိနေသေးသည်။ ရေအောက်ဗုံးတစ်လုံး ပေါက်ကွဲခဲ့သည့် အရိပ်လက္ခဏာကို သိရှိသူ အနည်းငယ်သာရှိသည်။ ထုရိုက်သံ ခပ်သဲ့သဲ့သည် အောက်တိုဘာ ၇ ရက်က မျက်နှာပြင်သို့ ဖောက်ထွက်လာခဲ့သည်။ နောက်တစ်ရက်တွင် မိုးချုန်းသံသည် လူမှုမီဒီယာများသို့ ရောက်ရှိသွားခဲ့သည်။ တီးတိုး ပြောဆိုမှုများက တောမီးပမာပျံ့နှံ့သွားပြီး နေ့လယ်ပို်ငးမရောက်မီ နိုင်ငံအနှံ့သို့ ရောက်ရှိသွားခဲ့သည်။ ယင်းသို့ ပြောဆိုမှုများကို အစိုးရအသိုင်းအဝိုင်းက စိုးရိမ်စရာ ကောင်းလောက်အောင် နှုတ်ဆိတ်နေခဲ့သည်။ တက်ကြွစွာ သတင်းထုတ်ပြန်လေ့ရှိသည့် စစ်တပ်၏ ပြောရေးဆိုခွင့်ရအရာရှိများကလည်း ထိတ်လန့်စရာကောင်း‌ကောင်းလောက်အောင် နှုတ်ပိတ်နေကြသည်။

သီတင်းပတ်ကုန်ရက်များသည် တင်းမာမှုများဖြင့် တက်ကြွမှုမရှိသလို နိုင်ငံအနေဖြင့် ဌာနတွင်း မသင့်မြတ်သည့် ပြဿနာအတွက် တစ်ကြိမ်ပြန်လည် ပြင်ဆင်လာရသည်။ ယခုတစ်ကြိမ်တွင် လည်မျိုကို ဆွဲညှစ်ထာသလို ဖြစ်နေသည်။

ဝန်ကြီးချုပ်နှင့် စစ်တပ်အကြီးအကဲတို့၏ နောက်ဆက်တွဲ အစည်းအဝေးတစ်ရပ်ပြုလုပ်မည့်အစီအစဉ်ကို အစိုးရနှင့် စစ်တပ်အတွင်းပိုင်းလူများက စက်တင်ဘာ ၁၁ ရက်ညနေပိုင်းတွင် ကြားသိခဲ့ရသည်။ ဗိုလ်ချုပ်ကြီး ဘာဂျဝါသည် ထိုနေ့ညက ဘာနီဂလာသို့ ကားဖြင့် ရောက်လာခဲ့ပြီး အကြီးအကဲ ၂ ဦးက ပြဿနာကို ဖြေရှင်းနိုင်ရန် ဆွေးနွေးခဲ့ကြသည်။ အစည်းအဝေးကို စောင့်ကြည့်နေကြသော အစိုးရနှင့် စစ်တပ်အတွင်းပိုင်းလူများက အစည်းအဝေးကြာမြင့်စွာ ပြုလုပ်ခဲ့ခြင်းအပေါ် များစွာ အံ့အားမသင့်ခဲ့ကြပေ။ ဗိုလ်ချုပ်ကြီး ဘဂျဝါ အိမ်သို့ ပြန်လည်ထွက်ခွာသည့်အချိန်တွင် အလွန်ညဉ့်နက်နေပြီ ဖြစ်ပြီး ၎င်း၏ ကားတန်းသည်လည်း အချက်ပေးဥဩသံ၊ မီးတန်းတို့ ဖွင့်ကာ မောင်းသွားခဲ့သည်။ မနက်ဖြန်နံနက်တွင် စိတ်ရှုပ်ထွေးစရာ ကိစ္စရပ်များ ရှင်းလင်းသွားမည်လား။

ယင်းဖြစ်စဉ်တွင် မေးခွန်းများစွာရှိနေသည်။ အစိုးရနှင့် စစ်တပ်အတွင်းပိုင်းလူများက ခေါင်းဆောင် ၂ ဦးသည် ကြေညာထားသည့် ဒုညွှန်ချုပ်အား ခန့်ထားရန် ယေဘုယျသဘောတူညီမှု ရရှိခဲ့ကြောင်း၊ သို့သော် ၎င်းအနေဖြင့် ရာထူးတာဝန်ကို ချက်ခြင်း ထမ်းဆောင်မည်မဟုတ်ကြောင်း နံနက်စောစောပိုင်းတွင် ပြောကြားခဲ့ကြသည်။ လက်ရှိ ဒုညွှန်ချုပ်သည် နိုဝင်ဘာလလယ်အထိ တာဝန်ထမ်းဆောင်ပြီးနောက် ပါကစ္စတန်၏ ဌာနပေါင်းစုံ ပြည်သူ့ဆက်ဆံရေး (ISPR) ဌာနက ကြေညာထားပြီးသည့် ၎င်းအား တာဝန်အသစ်တွင် ထမ်းဆာင်မည်ဖြစ်သည်။ မွန်းတည့်ချိန် ဝန်းကျင်ခန့်တွင် ရာထူး ၂ ခုအကြား ကွာဟမှုရှိနေသည်ကို ရှင်းလင်းစွာ သိရှိလာရသည်။ မွန်းလွဲပိုင်းတွင် အစိုးရက မသိကျိုးကျွန်ပြုထားခြင်းကို ဖျက်ချိုးလိုက်ပြီး ကမ္ဘာက တစ်ပတ်နီးပါး သိရှိထားသည့်အကြောင်းအရာကို မှန်ကန်ကြောင်း အတည်ပြုခဲ့သည်။ ပြန်ကြားရေးဝန်ကြီး ဖာဝက်ဒ်ချောင်ဒရီ၏ သတင်းထုတ်ပြန်ရေးအရာရှိက ပြဿနာကို မဖြေရှင်းနိုင်သေးကြောင်း အတည်ပြုထုတ်ပြန်ခဲ့သည်။ သို့သော် ပြဿနာ၏ အနေအထားသည် ယခုအခြေအနေတွင် မတူခြားနားသော အခြေအနေသို့ ပြောင်းသွားသည့်အပြင် နောက်ထပ်ရှုပ်ထွေးမှုများလည်းရှိလာသည်။

မှန်ကန်သော လုပ်ငန်းစဉ်ကို မဆောင်ရွက်ရသေးကြောင်း ပါကစ္စတန် အာဏာရပါတီ (PTI ) ၏ အစိုးရဝန်ကြီးများက ပြောကြားသည်။ လုပ်ငန်းစဉ်အရ ကာကွယ်ရေးဝန်ကြီးဌာနက ဝန်ကြီးချုပ်ရုံးသို့ လူစာရင်း ( ၅ဦးအထိ)ကို ပေးပို့ပြီးနောက် ဝန်ကြီးချုပ်က ၁ ဦးကို ထောက်လှမ်းရေးဌာန၏ ဒုညွှန်ချုပ်အဖြစ် အတည်ပြုမည်ဖြစ်သည်။ လက်ရှိကြေညာထားပြီးသားသူကို မရွေးချယ်ဘဲ အခြားသူတစ်ဦးဦးကို ရွေးချယ်နိုင်မည်လား၊ ထိုသို့ ရွေးချယ်လိုက်ခြင်းသည် ဝန်ကြီးချုပ်အနေဖြင့် လက်ရှိရာထူးကို ဆက်လက်ထမ်းဆောင်ရန် မတောင်းဆိုတော့ဘူးလား။မေးခွန်းများကို အောက်တိုဘာ ၁၃ ရက်အထိ ဖြေဆိုနိုင်ခြင်းမရှိသေးပေ။ ဝန်ကြီးချုပ်ရုံးသို့ အမည်စာရင်း တင်သွင်းခဲ့သူ ၃ ဦးတွင် လက်ရှိကြေညာခံထားရသူတစ်ဦးလည်း ပါဝင်သည်။ ဝန်ကြီးချုပ်အနေဖြင့် ဆုံးဖြတ်ချက် ချရတော့မည်။ သို့သော် အခြေအနေတို့သည် အောက်ပါ အချက်များကြောင့် ပိုမိုဆိုးရွားလာသည်။

သူ့အနေဖြင့် ကြေညာထားသူမဟုတ်ဘဲ အခြားတစ်ဦးကို ရွေးချယ်ပါက စစ်တပ်က အဆိုပြုထားယုံသာမက တရားဝင်ကြေညာခံထားရသူကို ပယ်ချရမည်။ ယင်းသို့ ဖြစ်လာပါက ၎င်းနှင့် စစ်တပ် ဆက်ဆံရေး ကြီးမားစွာ ထိခိုက်လာမည်။

လက်ရှိ ကြေညာထားသူကိုပဲ ရွေးချယ်လိုက်ပါက သူ့အနေဖြင့် ယင်းကိစ္စအား ပြဿနာတစ်ရပ်သို့ ဖြစ်လာစေရန် အဘယ့်ကြောင့် လုပ်ဆောင်ခဲ့သနည်း၊။ မည်သူကမှ မလိုလားသည့် ပြဿနာကို ဖန်တီးသနည်း။ သူကိုယ်တို်င ဖြေရှင်းနိုင်ခဲ့သလာ။

ဝန်ကြီးချုပ်အနေဖြင့် ဒုတိယနည်းလမ်းကို ရွေးချယ်ပြီး အစိုးရက စစ်တပ်အကြီးအကဲ၏ လက်တွင်းသို့ ယင်းကိစ္စကို ဝကွက်အပ်ကာ မှန်ကန်သည့် လုပ်ဆောင်ချက်ဟု လက်ခံပါက အခြေအနေသည် ပိုမိုဆိုးရွားသွားနိုင်ပြန်သည်။

အာဏာရပါတီ PTI အစိုးရအနေဖြင့် ယခုကဲ့သို့ဆိုးရွားသည့် ဖြစ်ရပ်တွင် မထိမခိုက်စေဘဲ ကျော်လွှာနိုင်ရန် ယုတ္တိရှိသော နည်းလမ်းလိုအပ်လာသည်။ သို့သော် ယင်းနည်းလမ်းသည် ရေအောက်ဗုံးများအနီး နက်ရှိုင်းသည့်နေရာတွင် မြှုပ်နှံထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly