ပေကျင်းအိုလံပစ် ပံ့ပိုးသူများ ဒေါ်လာ ၁၁၀ ဘီလီယံကိစ္စ အခက်အခဲကြုံတွေ့

ပေကျင်းအိုလံပစ် ပံ့ပိုးသူများ ဒေါ်လာ ၁၁၀ ဘီလီယံကိစ္စ အခက်အခဲကြုံတွေ့

အိုလံပစ်ပြိုင်ပွဲကို ပံ့ပိုးကူညီပေးသော ကမ္ဘာလုံးဆိုင်ရာစားသုံးသူ ကုမ္ပဏီကြီးများအတွက် ပေကျင်းဆောင်းရာသီအားကစားပြိုင်ပွဲသည် စွန့်စားရသော ဈေးကွက်ဖြစ်ပေလိမ့်မည်။

ပွဲစဉ်များသည်Intel Corp. ၊ Procter & Gamble Co. ၊ Coca-Cola Co. နှင့်Toyota Motor Corp အပါအဝ င် အားကစားပွဲ၏အကြီးဆုံးစပွန်ဆာများအတွက် အရေးကြီးဆုံးစျေးကွက်များထဲမှ တစ်ခုဖြစ်သည်။

တရုတ်တွင် နှစ်စဉ်ဝင်ငွေမည်မျှရရှိသည်ကို ထုတ်ဖော်ပြောကြားခြင်းမရှိသော်လည်း ပြည်ပမှ ပံ့ပိုးကူညီသည့် လုပ်ငန်း ၁၂ခု အနက် ၁၀ခုသည် တရုတ်တွင် ၁ နှစ်လျှင် စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၁၀ဘီလီယံ အသုံးပြုသည်ဟု တရုတ်အတွက် စီးပွားရေးကြော်ငြာများကို တွက်ချက်တိုင်းတာသော အမေရိကန်ကုမ္ပဏီ Strategy Risksနှင့် Bloomberg ၏ အချက်အလက်များက ဖော်ပြသည်။

တရုတ်နိုင်ငံ ပြင်ပတွင်နိုင်ငံရေးသမားများနှင့်လူ့အခွင့်အရေးအုပ်စုများက ထိုသို့သောကုမ္ပဏီများနှင့် ၎င်းတို့၏ ပြိုင်ဘက်များကို ရှန်ကျန်းတွင် လူနည်းစုများအပေါ် တရုတ်၏ပြုမူဆက်ဆံပုံကိုရှုတ်ချရန် ၎င်းတို့၏ ပလက်ဖောင်းအား အသုံးပြုရန်တွန်းအားပေးခဲ့သည်။ အမေရိကန်နှင့် ဥရောပအမတ်အချို့က ရှင်ကျန်းမှဖြစ်ရပ်များကို လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် ပြောဆိုထားသည်။ အချို့က အားကစားပွဲများကို အနည်းဆုံး သံတမန်ရေးအရ သပိတ်မှောက်ရန် တောင်းဆိုကြသည်။

အိုမီဂါကုမ္ပဏီက “ ကမ္ဘာလုံးဆိုင်ရာအမှတ်တံဆိပ်တစ်ခုအနေနဲ့ ကျွန်တော်တို့ဟာ နိုင်ငံတကာတင်းမာမှုတွေကို သတိထားပြီးတော့ ဂရုတစိုက် စောင့်ကြည့်သွားမှာပါ” ဟု ထုတ်ပြန်ခဲ့သည်။

The Swatch Group အမှတ်တံဆိပ်သည် ၂၀၀၄ခုနှစ်မှစ၍ အိုလံပစ်ပြိုင်ပွဲအတွက် ထိပ်တန်းစပွန်ဆာဖြစ်ခဲ့ပြီး အိုလံပစ်အားကစားပြိုင်ပွဲများသည် စည်းလုံးမှုစိတ်ထားအရ တွေ့ဆုံရန်ပြီးပြည့်စုံသော အခွင့်အလမ်းဖြစ်သည်ဟု ယုံကြည်ကြောင်းပြောဆိုခဲ့သည်။

ပေကျင်းဆောင်းရာသီအားကစားပွဲတော်အတွက် စီးပွားရေးလုပ်ငန်းစပွန်ဆာနှင့်ပတ်သက်၍ ဇူလိုင်လအမေရိကန်လွှတ်တော်ကြားနာပွဲတစ်ခုတွင် Coca-Cola၊Airbnb၊ Procter & Gamble၊ Intel နှင့်Visa Inc. တို့မှကိုယ်စားလှယ်များက ‘လူ့အခွင့်အရေးကို ထောက်ခံအားပေးသည်၊ အိုလံပစ်ပွဲတော်ကို ကူညီသည်’ ဟူသော အလားတူ ထုတ်ပြန်မှုများကို ထုတ်ပြန်ခဲ့ကြသည်။

စွပ်စွဲချက်များကို ‘ရာစုနှစ်၏အကြီးမားဆုံးလိမ်လည်မှု’ ဟု တရုတ်က သတ်မှတ်ထားပြီး ရှင်ကျန်းဒေသတွင် အဓမ္မလုပ်အားပေးစေခိုင်းမှုများ မရှိကြောင်း ငြင်းဆိုခဲ့သည်။ ၎င်း၏မူဝါဒများသည် ဒေသအား ဆင်းရဲနွမ်းပါးမှုမှ ကယ်တင်ခြင်း၊စီးပွားရေးကိုမြှင့်တင်ပေးခြင်းနှင့် အစွန်းရောက်ဝါဒကို တိုက်ဖျက်ခြင်းဖြစ်သည်ဟုဆိုသည်။

နွေဦးရာသီ၌Nike Inc၊ Adidas AG၊ Fast Retailing Co.'s Uniqloနှင့် ဆွီဒင်လက်လီအရောင်းဆိုင် Hennes&Mauritz AB အပါအဝင်စားသုံးသူကုမ္ပဏီများသည် ရှန်ကျန်း၌မွတ်ဆလင်အလုပ်သမားများအား ဆက်ဆံပုံကိုဝေဖန်ပြီးနောက် ၎င်းတို့၏တရုတ်နိုင်ငံအတွင်း ရောင်းအားများထိခိုက်ခဲ့သည်ကို တွေ့မြင်ခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly