တရုတ်အစိုးရက ပြင်ပစုံစမ်းစစ်ဆေးသူများကို ငြင်းဆန်ခြင်းသည် ကိုဗစ်၏ ဇစ်မြစ်အတွက် အပြစ်ရှိကြောင်း အထောက်အထားသစ်ဖြစ်နေ

တရုတ်အစိုးရက ပြင်ပစုံစမ်းစစ်ဆေးသူများကို ငြင်းဆန်ခြင်းသည် ကိုဗစ်၏ ဇစ်မြစ်အတွက် အပြစ်ရှိကြောင်း အထောက်အထားသစ်ဖြစ်နေ

တရုတ်သည် ကိုဗစ်-၁၉ ၏ မူလအစနှင့်ပတ်သက်၍ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ နောက်ထပ်စုံစမ်းစစ်ဆေးမှုကို ယခုထိတိုင် ပိတ်ပင်နေခြင်းသည် လူပေါင်း ၄ ဒသမ ၅သန်းကိုသေစေခဲ့သော ကပ်ရောဂါ၏ ဇစ်မြစ်အစတွင် တရုတ်ပါဝင်နေသည်ဆိုသော ထပ်တိုးသက်သေပင်ဖြစ်သည်။

တရုတ်ခေါင်းဆောင်များသည် တစ်ခါတရံ WHO ၏ မသိကျိုးကျွန်ပြုမှုနှင့်အတူ အစကတည်းက လိမ်ညာနေကြသည်။

လင်းနို့များမှ လူများသို့ ဗိုင်းရပ်စ်ကူးစက်ရန် လက်ခံကောင်ဖြစ်ရသည့် တိရစ္ဆာန်များကို အတည်ပြု သတ်မှတ်နိုင်သည့် ဓာတ်ခွဲနမူနာများကို ရှာဖွေရန် WHO သိပ္ပံပညာရှင်များသည် ဝူဟန်မြို့အနောက်ဘက် ၆ နာရီကြာ ကားမောင်းသွားရသည့် တရုတ်နိုင်ငံ ဟူပေပြည်နယ် အန်ရှီးစီရင်စုရှိ လင်းနို့ဂူများနှင့် တောရိုင်းတိရစ္ဆာန်နယ်မြေများသို့ သွားရောက်ခဲ့ကြသည်။

ထိုသို့ရှာဖွေခြင်းက သဘာဝကျကျဆင့်ကဲပြောင်းလဲလာသည် ဟူသော ယူဆချက်အတွက် သက်သေဖြစ်လိမ့်မည်ဖြစ်ပြီး ကူးစက်ရောဂါအတွက် အပြစ်တင်ခံရဆုံး တရုတ်ကို သက်သာခွင့် ရရှိစေလိမ့်မည်။

WHO သုတေသီများက အခြားမည်သည့် အထောက်အထားကိုမှ မတွေ့ရှိဘဲ ဓာတ်ခွဲခန်းယိုစိမ့်မှုသီအိုရီကို ထောက်ခံမည်ကို တရုတ်က ကြောက်နေသည် သို့မဟုတ် သိနေသည်။

တရုတ်အစိုးရသည် ၎င်းကိုယ်တိုင် အန်ရှီးလင်းနို့များ သို့မဟုတ် မွေးမြူထားသောတောရိုင်းတိရစ္ဆာန်များကို ဗိုင်းရပ်စ်အတွက် စမ်းသပ်ဖူးခြင်း ရှိ မရှိ ပြောမည်မဟုတ်ပေ။

တရုတ်ကွန်မြူနစ်ပါတီက ဗိုင်းရပ်စ်သည် ပြည်ပမှ ဝင်ရောက်လာသည့် ထုပ်ပိုးထားသောအစားအစာများ သို့မဟုတ် တစ်ခုခုမှတစ်ဆင့် ဝူဟန်သို့ရောက်လာခြင်းဖြစ်ပြီး ကပ်ရောဂါသည်အခြားတစ်နေရာမှ အစပြုခဲ့ သယောင် ပုံဖော်နေခြင်းဖြစ်သည်။

ပိုးသည် လူကို ကူးစက်ရန် လုပ်ဆောင်ပြီးနောက် ဝူဟန် ဗိုင်းရပ်စ်ရောဂါဗေဒဌာနမှ အမှန်တကယ် ယိုစိမ့်ခဲ့သည်ကိုသိနေကြောင်း တရုတ်၏အပြုအမူများက အရိပ်အမြွက်ပြလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly