တရုတ်က အလွန်အကျွံငါးဖမ်းခြင်းသည် သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေသလား

By National Interest
17 October 2021
တရုတ်က အလွန်အကျွံငါးဖမ်းခြင်းသည် သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေသလား

ငါးဖမ်းလုပ်ငန်းအငြင်းပွားမှုများသည် ကမ္ဘာတစ်ဝန်းတွင် ဖြစ်လေ့ဖြစ်ထရှိသည့် ကိစ္စဖြစ်လာပြီး သာယာနာပျော်ဖွယ် မဟုတ်သော်လည်း အမေရိကန်နှင့် မဟာမိတ်များသည် ယင်းအခြေအနေကို နားလည်ကာ ပိုမိုပူးပေါင်း ဆောင်ရွက်ရန် အရေးကြီးလာပြီ ဖြစ်သည်။

နိုင်ငံတကာ မီဒီယာအရင်းအမြစ်များအရ တရုတ်က ယင်းနေရာတွင် ဧရာမ၊ ဆိုးဝါးသော“ ယမမင်းကြီး” ဖြစ်ပြီး၊ သဘာဝပတ်ဝန်းကျင်ပျက်စီးစေမှု၊ နိုင်ငံရေးဖိနှိပ်မှု၊ ဘာသာမဲ့ဝါဒ၊ စီးပွားရေးကိုမှီခိုခြင်းနှင့် ကမ္ဘာလုံးဆိုင်ရာ အဆင့်တွင် ဗိုလ်ကျစိုးမိုးမှုအတွက် နိုင်ထက်စီးနင်းပြုမှုလက်နက်များကိုပိုမိုကိုင်စွဲလာသည်။

မန်ဒရင်းဘာသာစကားဖြင့် ထုတ်ဝေသော China Fisheries ဂျာနယ်၊ ၂၀၁၈ ခုနှစ်နှစ်လယ်ပိုင်းက ဆောင်းပါး တစ်ပုဒ်တွင် သစ်ပင်ပဲမြင်ပြီး သစ်တောကို မတွေ့မြင်ကြောင်း တနည်းအားဖြင့် ပင်လယ်မျှော့ မျိုးစိတ်တချို့ကို သာမြင်ပြီး သမုဒ္ဒရာကို မမြင်ဖြစ်နေကြောင်း အရိပ်အမြွက်ဖော်ပြခဲ့သည်။

ယင်းဆောင်းပါးတွင် အချက်အလက်များစွာပါပြီး အမျိုးမျိုးသော ဒုက္ခတွေ့နိုင်မည့် လမ်းကြောင်းများကို ဖော်ပြခဲ့သည်။ လျှင်မြန်စွာတိုးတက်သည့်ခေတ်ဟု ဆိုသော ကာလဖြစ်သည့် ၁၉၇၉ ခုနှစ်၌ တရုတ်တွင် စက်တပ်ငါးဖမ်းသင်္ဘော ၅၂,၂၀ဝ စင်း ရှိသည်ဟု သတင်းထွက်ခဲ့သော်လည်း ၁၉၈၇ခုနှစ်တွင် ၂၆၈,ဝဝဝ စင်း အထိတိုးလာခဲ့သည်ဟု ဆိုသည်။

စိတ်အနှောင့်အယှက်ဖြစ်စေသည်မှာ အဖျက်လုပ်ဆောင်သည့် ဆွဲပိုက်ချ ငါးဖမ်းသင်္ဘောများ၏ အရေအတွက် သည် အတားအဆီးမဲ့တိုးတက်မှု ကာလအတွင်း ၈၁ ဒသမ ၆ ရာခိုင်နှုန်းတိုးလာသည်။ သို့သော် ကျွန်ုပ်တို့၏ ရည်ရွယ်ချက်များအတွက် ၁၉၈၈-၂၀၁၅ ခုနှစ် ကာလများက အချက်အလက်များသည် အလွန်ပင် စိတ်ဝင်စားစရာကောင်းလှသည်။

တရုတ်ကျွမ်းကျင်သူများ၏ မှတ်တမ်းတင်ချက်များအရ စက်တပ်ငါးဖမ်းသင်္ဘောများ၏ အရေအတွက်သည် ၃၀၃,၉၀ဝ မှ ၆၇၂ ၄၀ဝ သို့တိုးလာသည်။ သို့သော် စုစုပေါင်းအရေအတွက်သည် ၂ဆကျော် ရှိသော်လည်း

အမှန်တကယ်ဖမ်းမိသောတန်ချိန်သည် ၂၀၁၅ ခုနှစ်တွင် တန်ချိန် ၁၃ သန်းရှိသဖြင့် သုံးဆနီးပါး ကျော်လွန်သည်ဟု ဆိုသည်။

“ အဏ္ဏဝါငါးဖမ်းလုပ်ငန်းစုစုပေါင်းအရေအတွက်ကို ထိထိရောက်ရောက်ထိန်းချုပ်နိုင်ခြင်းမရှိပေ” ဟု ယင်းကိန်းဂဏန်းများကို အခြေခံ၍ တရုတ်စာရေးဆရာများက ပြတ်ပြတ်သားသားကောက်ချက်ချခဲ့သည်။

တရုတ်၏ အနီးအနားပင်လယ်ဒေသများတွင် ငါးဖမ်းမှုကို ထိခိုက်စေခြင်းနှင့် ပတ်သက်သည့် ပြဿနာများကို လေ့လာသည့် မှတ်တမ်းများစွာရှိနေသည်။ ဥပမာ တောင်တရုတ်ပင်လယ်၌ တရုတ်ဆွဲပိုက်ချ ငါးဖမ်း သင်္ဘောများသည်“ ပင်လယ်ကြမ်းပြင်ကို အကြီးအကျယ်ပျက်စီးစေခဲ့သည်” ဟု ဖော်ပြထားသည်။

ငါးလုပ်ငန်းစီမံခန့်ခွဲရေး ဝန်ထမ်းများမှာ အလွန်နည်းကြောင်း ယင်းက ရှင်းပြသည်။ ထို့ပြင် ၎င်းတို့သည် လုံလောက်သော “လေ့ကျင့်မှုနှင့် နည်းပညာပိုင်းကျွမ်းကျင်မှု” မရှိကြောင်း ဆိုသည်။

လက်ရှိစည်းမျဉ်းစနစ်သည် ငွေကုန်ကြေးကျများပြီး ထိရောက်မှုမရှိဟု ဝေဖန်ကြသည်။ ယင်းအခြေအနေတွင် ငါးဖမ်းသမားများသည် ပူးပေါင်းဆောင်ရွက်မှုမရှိသည့်အပြင် စစ်ဆေးမှုများကို ငြင်းဆန်ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly