တရုတ်မြေပြိုမှုတွင် နာရီ ၆၀ ကျော်ကြာ နစ်မြှုပ်နေသူ အသက်ရှင်လျှက် တွေ့ရှိ

တရုတ်မြေပြိုမှုတွင် နာရီ ၆၀ ကျော်ကြာ နစ်မြှုပ်နေသူ အသက်ရှင်လျှက် တွေ့ရှိ

ရှင်ကျန်း၊ ဒီဇင်ဘာ - ၂၃ ။          ။ တရုတ်နိုင်ငံတောင်ပိုင်းရှိ ကုန်ထုတ်လုပ်ရေးမြို့ကြီး၏ အစိတ်အပိုင်း အတော်များများတွင် ဖြစ်ပွားခဲ့သည်း မြေပြိုမှုကြီးတွင် နာရီ ၆၀ကျော်ကြာ ဖုံးလွှမ်းနစ်မြှုပ်ခံနေ ခဲ့ရသည့် ရွှေ့ပြောင်းလုပ်သားတစ်ယောက်ကို ဒီဇင်ဘာ ၂၃ရက်နေ့က အသက်ရှင်လျှက်သား ဆွဲထုတ်ကယ်တင်နိုင်ခဲ့သည်ဟု ဆိုသည်။

အဆိုပါ ရွှွေ့ပြောင်းလုပ်သား တီယန် ဇမ်မင်းကို ဗုဒ္ဓဟူးနေ့နံနက် အာရုဏ်တက်အချိတ်တွင် ကယ်ဆယ်နိုင်ခဲ့သည်ဟု ရှန်ရှင်း အရေးပေါ်တုန့်ပြန်မှုရုံးမှ ရောင်လျန်ဇန်းက ပြောကြားခဲ့သည်။ တီယန်မှာ တရုတ်နိုင်ငံအနောက်တောင်ပိုင်း ချုံကျင်းမှဖြစ်သည်ဟု ဆိုသည်။

မြေပြိုဧရိယာနှင့် သက်ဆိုင်သည့် ခရိုင်အစိုးရက လွှင့်တင်သည့် ပို့စ်အရ အသက်ရှင်ကျန်ရစ်နေသူ ရွှေ့ပြောင်းလုပ်သားမှာ အပျက်အစီးပုံများအောင် အသက်ရှင်လျှက် ပိတ်မိနေသည်ကို တွေ့ရချိန်တွင် အသံနှင့် နှလုံးခုန်နှုန်းမှာ လွန်စွာ ဖျော့တော့အားနည်းလျှက်ရှိပြီး နောက်ထပ် ဆေးစစ်မှုများ ခံယူနေရသည်ဟု ဒေါက်တာ ဝမ် ယီကောင်းက ရှင်ရှင်းတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြား ခဲ့သည်ဟု ဆိုသည်။

ကယ်ဆယ်ရေးလုပ်သားများက သူ့ကို တွေ့ရှိချိန်တွင် တီယန်က သူ့နာမည်ကို ပြောပြပြီး သူ့အနီးတွင် မြှုပ်နှံခံနေရသည့် နောက်တစ်ဦးလည်း ရှိသေးသည်ဟု ပြောကြားခဲ့သည်ဟု ဆိုသည်။ အပျက်အစီးပံိုထဲသို့ တိုးဝင်ရှာဖွေရာတွင် ဒုတိယပုဂ္ဂိုလ်ကိုမူ သေဆုံးလျှက် တွေ့ရှိရသည်ဟု အာရုံကြောခွဲစိတ်ဆရာဝန် တိုင် လီမန်းက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။  

တနင်္ဂနွေနေ့တွင် ဆောက်လုပ်ရေး စွန့်ပစ်ပစ္စည်းနှင့် ရွှံ့တောင်ပုံကြီး ပြိုကျပြီး ရှင်ကျန်းစက်မှုဇုံအတွင်းသို့ စီးဝင်သွားခဲ့ရာမှ ဖြစ်ပွားခဲ့သော မြေပြိုမှုတွင် လူပေါင်း ၇၀ကျော် ပျောက်ဆုံးလျှက် ရှိနေသေးသည်ဟု ဆိုသည်။

မြေနှင့် သယံဇာတဝန်ကြီးဌာန၏ ပြောကြားချက်အရ လွန်ခဲ့သည့် နှစ်နှစ်တာကာလတွင် အညစ်အကြေးများ၊ ကွန်ကရိတုံးများနှင့် အခြား ဆောက်လုပ်ရေး စွန့်ပစ်ပစ္စည်းများ၏ လူလုပ် အမှိုက်ပုံကြီးမှာ ပေ ၃၀၀မြင့်သည့် တောင်ကုန်းတစ်ခုနီးပါးအထိ စုပုံလာခဲ့သည်ဟု ဆိုသည်။

မိုးရေများက မြေကြီးအတွင်းသို့ စိမ့်ဝင်သောကြောင့် လေးလံပြီး မတည်မငြိမ်ဖြစ်လာကာ နောက်ဆုံး စက်မှုဇုန်အတွင်းနှင့် ပတ်ပတ်လည်တွင် အရှိန်အဟုန်ကြီးမားစွာဖြင့် ပြိုကျမှု ဖြစ်ရသည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly