အိန္ဒိယက ၂၀၃၀ ပြည့်နှစ်မတိုင်မီ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် လျှပ်စစ်ဓာတ်အား ၄၅၀ ဂဂ္ဂါဝပ်အထိ ရရှိရန် ရည်မှန်း

အိန္ဒိယက ၂၀၃၀ ပြည့်နှစ်မတိုင်မီ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် လျှပ်စစ်ဓာတ်အား ၄၅၀ ဂဂ္ဂါဝပ်အထိ ရရှိရန် ရည်မှန်း

အိန္ဒိယနို်ငငံတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်မှ လျှပ်စစ်ဓာတ်အား ၄၅၀ ဂဂ္ဂါဝပ်ကို ၂၀၃၀ ပြည့်နှစ်မတိုင်မီ ရရှိရန် ရည်မှန်းထားကြောင်း ဆန်းသစ်သော ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဝန်ကြီးဌာန (MNRE) ဌာနက ထုတ်ပြန်လိုက်သည်။

ယခုလအစောပိုင်းက အာရပ်စော်ဘွားများနိုင်ငံ၌ ကျင်းပသည့် Expo 2020 Dubai ၌ အောက်တိုဘာ ၆ ရက်မှ ၈ ရက်အထိ ရာသီဥတုနှင့် ဇီဝမျိုးကွဲရက်သတ္တပတ် အစီအစဉ်အတွင်း MNRE နှင့် FICCI တို့ပူးပေါင်း ပြုလုပ်သည့် ပွဲများတွင် အိန္ဒိယ၏ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အောင်မြင့်မှုများနှင့် ရည်မှန်းချက်များကို တင်ဆက်ခဲ့သည်

’နေတစ်စင်း ကမ္ဘာတစ်ခု ဓာတ်အားတစ်လိုင်း(OSOWOG)’ ခေါင်းစဉ်ဖြင့် အခမ်းအနားတစ်ခုကိုလည်း နိုင်ငံတကာ နေရာင်ခြည်စွမ်းအင် မဟာမိတ်များအဖွဲ့က စီစဉ်ကျင်းပခဲ့သည်။

ကနဦးတွင် အိန္ဒိယက ၂၀၃၀ ပြည့်နှစ်မတိုင်မီ အစိမ်းရောင် ဟိုက်ဒရိုဂျင် ထုတ်လုပ်မှုတစ်နှစ်လျင် တန်ချိန် ၁သန်းနီးပါး အထိ ရောက်ရှိရန် သတ်မှတ်ထားသည်။ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် တပ်ဆင်အား ၄၅၀ ဂဂ္ဂါဝပ် ရည်မှန်းချက်သည် ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ဒေါ်လာ ၂၂၁ ဘီလျံအထိ အခွင့်အလမ်းရှိလာနိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly