လွတ်လပ်စွာပြောဆိုခွင့်ကို ချုပ်ကိုင်ရန် တရုတ်က မီဒီယာလုပ်ငန်း၌ ရင်းနှီးမြှုပ်နှံမှုကို တားမြစ်

By SIFY
15 October 2021
လွတ်လပ်စွာပြောဆိုခွင့်ကို ချုပ်ကိုင်ရန် တရုတ်က မီဒီယာလုပ်ငန်း၌ ရင်းနှီးမြှုပ်နှံမှုကို တားမြစ်

သမ္မတရှီကျင့်ဖျင်ဦးဆောင်သောအစိုးရသည် တရုတ်နိုင်ငံအတွင်း လွတ်လပ်စွာပြောဆိုခွင့်ထိန်းချုပ်မှုအပေါ် တင်းကျပ်နေသလို မီဒီယာအဖွဲ့အစည်းများ၌ ရင်းနှီးမြှုပ်နှံမှုကို ပိတ်ပင်တားမြစ်သည့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စာရင်းထဲသို့ ထည့်သွင်းခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီ (CCP) ၏ဝက်ဘ်ဆိုက်တွင် တင်ထားသောစီမံချက်အရ နိုင်ငံတော်ဖွံ့ဖြိုးရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင် (SDRC) က မီဒီယာအဖွဲ့အစည်းများတွင် ပုဂ္ဂလိကကဏ္ဍ၏ရင်းနှီးမြှုပ်နှံမှုကို တားမြစ်ရင်းနှီးမြှုပ်နှံမှုစာရင်းသို့ ထည့်သွင်းခြင်းအပေါ် လူထုအမြင်ကိုတောင်းခံပါသည်ဟု သတင်းထုတ်ပြန်ခဲ့ကြောင်း Radio Free Asia ကဖော်ပြသည်။

ရှန်ကျိတက္ကသိုလ်မှ အငြိမ်းစားကထိကတစ်ဦးက "အစိုးရကသူ့ရဲ့သတင်းတွေကိုထိန်းချုပ်ထားပြီး သူ့ ကလောင်ကို အခြားဘယ်သူ့ကိုမှ လွှဲပေးမှာမဟုတ်ဘူးဆိုတာသေချာတယ်၊အရာရာကိုစိုးမိုးဖို့ ခြယ်လှယ်နိုင်တဲ့ အသံလိုချင်နေတာပါ” ဟုဆိုသည်။

အမိန့်ထုတ်ပြန်ချက်တွင်“ပြည်သူပိုင်ကဏ္ဍ ရင်းနှီးမြှုပ်နှံမှုမရှိသော အဖွဲ့အစည်းများသည် သတင်းစုဆောင်းခြင်း၊တည်းဖြတ်ခြင်းသို့မဟုတ်ရုပ်သံထုတ်လွှင့်ခြင်းစသည့်စီးပွားရေးလုပ်ငန်းများတွင် လုပ်ကိုင်ခြင်းမပြုရ” ဟုပါရှိသည်။ အဆိုပါအမိန့်သည် သတင်းအေဂျင်စီများ၊ သတင်းစာဖြန့်ချိရေးအဖွဲ့များ၊ ရေဒီယိုသို့မဟုတ် ရုပ်မြင်သံကြားထုတ်လွှင့်သူများနှင့်အွန်လိုင်းသတင်း၊တည်းဖြတ်ဝန်ဆောင်မှုများ သို့မဟုတ် ထုတ်ဝေသူများကိုပံ့ပိုးပေးသူများ၌ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုကို တားမြစ်ရန်ရည်ရွယ်ကြောင်း ဖော်ပြထားသည်။

တရုတ်သည် မီဒီယာများအပြင် နိုင်ငံရေး၊စီးပွားရေး၊စစ်ရေး၊သံတမန်ရေးအဖွဲ့အစည်းများအပါအဝင် နယ်ပယ်များ၌လည်း ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုများကို ပိတ်ပင်ထားသည်ဟု Radio Free Asia ကဖော်ပြသည်။ တစ်ချိန်တည်းမှာပင် တရုတ်သည်ကမ္ဘာလုံးဆိုင်ရာ ၎င်းတို့ပုံရိပ်ကို တိုးတက်စေရေး မီဒီယာ လွှမ်းခြုံမှုဩဇာလွှမ်းမိုးရန် သိသိသာသာအားထုတ်ခဲ့သည်။

တရုတ်သည် အာဏာတည်မြဲရေးနှင့်နိုင်ငံတကာဆွေးနွေးပြောဆိုချက်များတွင် ၎င်း၏ဇာတ်ကြောင်းကို မြှင့်တင်ရန် မီဒီယာကိုအရေးကြီးသော ကိရိယာတစ်ခုအဖြစ် သုံးနေခဲ့သည်။တရုတ်သည် နေရပ်စွန့်ခွါသွားသော ၎င်းတို့လူမျိုးများအား မျက်ခြည်မပြတ်စောင့်ကြည့်ရင်း ပြည်တွင်းမီဒီယာကို စိစစ်ဖြတ်တောက်လျက် ပြည်ပမှပညာရှင်များ၊ ဂျာနယ်လစ်များနှင့်ကျွမ်းကျင်သူများကို ငွေကြေး ထောက်ပံ့ပေးနေသည်ဟုThe HK Post ကဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly