ရှေ့နေကြီး ဦးခင်မောင်ဇော် အမှုကိစ္စများပြောဆိုခွင့် တားမြစ်ခံရ

ရှေ့နေကြီး ဦးခင်မောင်ဇော် အမှုကိစ္စများပြောဆိုခွင့် တားမြစ်ခံရ

အောက်တိုဘာလ ၁၅ ရက်

သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့အမှုတွေကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ အမှုဆောင်ရှေ့နေ ဦးခင်မောင်ဇော်ကို ရာဇဝတ်ကျင့်ထုံး ပုဒ်မ ၁၄၄ အရ - ပြည်တွင်း၊ ပြည်ပက မီဒီယာအဖွဲ့အစည်းတွေ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း၊ ပုဂ္ဂိုလ်တွေ၊ INGO နိုင်ငံတကာက အဖွဲ့အစည်းတွေ၊ နိုင်ငံခြားအစိုးရ တာဝန်ရှိသူတွေ အပါအဝင် မည်သည့် ပြင်ပအဖွဲ့အစည်းက ပုဂ္ဂိုလ်တွေမှ တိုက်ရိုက်သော်၎င်း၊ သွယ်ဝိုက်၍သော်၎င်း တခြားတနည်းနည်းနဲ့ ဆက်သွယ်ဆောင်ရွက်ခြင်းမပြုဖို့ တားမြစ်လိုက်ကြောင်း ဗွီအိုအေက စုံစမ်းသိရှိရပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Bhasan Char ကျွန်းပေါ် ရိုဟင်ဂျာဒုက္ခသည်တွေ အရေးနဲ့ပတ်သက်လို့ UNHCR ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံးနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရအကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးလိုက်တဲ့ကိစ္စအပေါ် သံသဖြစ်စရာတွေ ရှိနေတယ်လို့ Refugees International အပြည်ပြည်ဆိုင်ရာ ဒုက္ခသည်များကူညီရေးအဖွဲ့က ပြောပါတယ်။ ဒီလို မြန်မာနိုင်ငံဆိုင်ရာ သတင်းတိုတွေကို မအိသန့်စင်က တင်ဆက်ထားပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly