ထားဝယ်၊ လောင်းလုံး၊ သရက်ချောင်းမြို့နယ်မှ အမေရိကန်နိုင်ငံသားများ အမြန်ဆုံးထွက်ခွာကြရန် သံရုံးသတိပေး

ထားဝယ်၊ လောင်းလုံး၊ သရက်ချောင်းမြို့နယ်မှ အမေရိကန်နိုင်ငံသားများ အမြန်ဆုံးထွက်ခွာကြရန် သံရုံးသတိပေး

အောက်တိုဘာ ၁၄

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ထားဝယ်၊ လောင်းလုံ၊ သရက်ချောင်းမြို့နယ်တို့တွင် ရောက်ရှိနေသည့် အမေရိကန်နိုင်ငံသားများ အမြန်ဆုံးထွက်ခွာကြရန် အမေရိကန်သံရုံးက ယနေ့အောက်တိုဘာ ၁၄ ရက်တွင် သတိပေးချက်ထုတ်ပြန်လိုက်သည်။

အဆိုပါ သုံးမြို့နယ်အတွင်းရောက်ရှိနေသည့် အမေရိကန်အပါအဝင် နိုင်ငံခြားသားများ၏ လုံခြုံရေးကို အာမ မခံနိုင်ကြောင်း စစ်ကောင်စီက အောက်တိုဘာ ၁၁ ရက်တွင် ကြေညာအပြီး အမေရိကန်သံရုံးက ယင်းကဲ့သို့ သတိပေးချက် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ခရီးသွားလာရေးအတွက် အဆိုးဆုံး အဆင့်လေး အထိ သတ်မှတ်ထားသည့် မြန်မာနိုင်ငံတွင် ခရီးသွားလာမှု မလုပ်သင့်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက အကြံပေးထားသည်။

အသက်အန္တရာယ် ထိခိုက်နိုင်ခြေများလည်း ရှိနေခြင်းကြောင့် မြန်မာနိုင်ငံမှ အမြန်ဆုံးထွက်ခွာကြရန်နှင့် အရေးပေါ်အခြေအနေကြုံတွေ့လာပါက အမေရိကန်သံရုံးအနေနှင့် အကူအညီပေးနိုင်ရန် အကန့်အသတ်ရှိကြောင်း ထည့်သွင်းထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly